ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ရဟန်းခံမည်

Friday, 26 November 2010 19:56 သတင်းတိုများ
Print
နိုဝင်ဘာ ၂၃ ရက်နေ့က မြန်မာပြည်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ) ကင်မ် အဲရစ္စ သည် မနက်ဖြန် ညနေတွင် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်တွင် ဒုလ္လဘ ရဟန်းခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကိုထိန်လင်းသည် ဒေါ်အောင်ဆန်း စုကြည်၏ မိခင် ဒေါ်ခင်ကြည် မကွယ်လွန်မီ အချိန်က ဖခင်၊ အစ်ကို ဖြစ်သူတို့နှင့်အတူ သင်္ကန်း ဆီးခဲ့ဖူးသေးသည်။