တီးတိန်မြို့အနီး ယာဉ်တိမ်းမှောက်၊ ၁၄ ဦး သေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နှင့် ၈ မိုင်အကွာတွင် ယနေ့ နံနက်က ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၄ ဦး ပွဲချင်းပြီး သေဆုံး သွားကြောင်း သတင်းရရှိသည်။ ခရီးသည်များသည် တီးတိန်မြို့ရှိ ခရစ်ယာန် သာသနာပြု ရာပြည့် အခမ်းအနားသို့ တွန်းဇံ မှ လာရောက်ကြခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်လိုင်းမှာ ချင်းတောင်တန်း မော်တော်ယာဉ်လိုင်းဖြစ်ကြောင်း၊ အဆိုပါ ယာဉ်ပေါ် တွင် ခရီးသည် ၁၀၀ ခန့် ပါရှိကြောင်း၊ ဒဏ်ရာရရှိသူများမှာ တီးတိန် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရကြောင်း သိရ သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်