ဦးခင်ညွန့်နှင့် ရဲချုပ် ခင်ရီ တွေ့ဆုံသည့် ဗီဒီယို အင်တာနက်တွင် ပြန့်

Saturday, 27 November 2010 12:43 သတင်းတိုများ
Print
ရဲချုပ် ခင်ရီက နေအိမ်အကျယ်ချုပ် ကျခံနေရသော ဦးခင်ညွန့်ကို သွားရောက်တွေ့ဆုံသည့် ဗီဒီယိုဖိုင်သည် ယမန်နေ့ညမှစ၍ ဖေ့စ်ဘုတ် လှုမှုကွန်ရက် စာမျက်နှာမှ စတင်၍ ပြန့်နေသည်။ ရုပ်သာမြင်ရပြီး အသံမပါသည့် အဆိုပါဖိုင်သည် မည်သည့် အချိန်ကာလတွင် ရိုက်ယူထားကြောင်း၊ မည်သည့်အကြောင်းအရာကို ဆွေးနွေးပြီး ဦးခင်ညွန့်ကို မည်သည့် နေရာသို့ ခေါ်သွားကြောင်းနှင့် ဤ ဗီဒီယိုဖိုင်သည် မည့်သည့်နေရာမှ ပေါက်ကြားလာကြောင်းကို အသေးစိတ် မသိရသေးပေ။