ဂျာနယ်များကို စဘော်ငွေတင်ခိုင်း၍ အရေးယူမည်

Monday, 14 February 2011 12:25 သတင်းတိုများ
Print
ပြည်တွင်း ၌ ထုတ်ဝေနေသော ဂျာနယ်များကို စာပေစိစစ်ရေးက ခွင့်မပြုသည်များ ဖော်ပြပါက အရေးယူမှု ပုံစံသစ်ဖြင့် ပြောင်းလဲ အရေးယူသွားဖွယ် ရှိကြောင်း သိရသည်။ ပုံစံသစ်မှာ ကြိုတင် စဘော်ငွေ တင်ခိုင်းထားပြီး ပြစ်မှု အကြီး အသေး အလိုက် အရေး ယူသွားမည်ဖြစ်ကြောင်း၊ စဘော်ငွေမှာ ကျပ် သိန်း ၁၀၀၀ မှ ၅၀၀၀ အထိ ဖြစ်ပြီး ယင်းငွေထဲမှ ဒဏ်ရိုက် အရေးယူခြင်းမျိုး ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီး တဦးက ပြောကြားသည်။