ပြည်နယ်ဝန်ကြီး အဆိုပြူခံရသူ အသက်မပြည့်၍ ချင်းပါတီ တိုင်ကြား

ချင်းပြည်နယ်၌ ဖွဲ့စည်းရန် ပြင်ဆင်နေသော အစိုးရ အဖွဲ့သစ်၌ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုထားသော ၀န်ကြီးအဖွဲ့တွင် ကြံ့ဖွံ့ပါတီမှ အသက်မပြည့်သည့် ကိုယ်စားလှယ် ပါဝင်နေခြင်းကို ချင်း အမျိုးသားပါတီနှင့် ချင်း တိုးတက်ရေး ပါတီတို့က နိုင်ငံ တော် သမ္မတထံ ကန့်ကွက်စာ တင်ထားကြောင်း သိရသည်။ ပြည်နယ် ၀န်ကြီးချုပ် အဆိုပြုခံထားရသူ ဦးငုန်းဟိုင်းသည် ကြံ့ဖွံ့ပါတီမှ အသက် ၃၄ နှစ်ရှိ ကိုယ်စားလှယ် ဦးကွေ့ထန်အား ပြည်နယ်ဝန်ကြီး တနေရာအတွက် အဆိုပြုထားကြောင်း၊ ဖွဲ့စည်းပုံ ဥပဒေ၌ ၀န်ကြီး၏ အသက်သည် ၃၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဟုပါရှိကြောင်း၊ ထို့ကြောင့် ဥပဒေနှင့် မကိုက်ညီ ကြောင်း ချင်း အမျိုးသားပါတီ က ဆိုသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်