တပ်မတော်နေ့ ခမ်းနားစွာ ကျင်းပဖွယ်မရှိ

Monday, 21 February 2011 13:37 သတင်းတိုများ
Print
စစ်အစိုးရ ကျင်းပမည့် ယခုနှစ် မတ်လ ၂၇ ရက်နေ့ ၆၆ နှစ်မြောက် တပ်မတော်နေ့တွင် ယခင်နှစ်များကဲ့သို့ စစ်ရေးပြအခမ်းအနား ကို ကြီးကျယ်စွာ ပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။ ထို့ကြောင့် ယခုလအစောပိုင်းက တပ်ရင်းအသီးသီးမှ စစ်ရေးပြပွဲအတွက် ခေါ်ယူထားသော စစ်သားများကိုလည်း မိခင်တပ်ရင်းများသို့ ပြန်လည်စေလွှတ်လိုက်ပြီးဖြစ်သည်ဟု နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီး တဦးက ပြောကြားသည်။