စာရင်းစစ်ချုပ်နှင့် ရာထူးဝန် နေရာများ ခန့်အပ်မည်

လာမည့် အစိုးရသစ်၏ “ပြည်ထောင်စု စာရင်းစစ်ချုပ်” အဖြစ် ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်အား ခန့်အပ်ရန် ယနေ့ လွှတ်တော်တွင် အဆိုပြုကြောင်း သိရသည်။ ဦးလွန်မောင်သည် ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရ အဖွဲ့တွင်လည်း စာရင်းစစ်ချုပ်တာဝန် ယူထားသူဖြစ်သည်။ လက်ရှိ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဥက္ကဋ္ဌ ဦးကျော်သူကိုလည်း “ပြည်ထောင်စု ရာထူးဝန်” အဖြစ် အဆိုပြုမည်ဖြစ်ကြောင်း သိရသည်။ ဦးကျော်သူသည် မဆလခေတ် သမ္မတဟောင်း ဦးမောင်မောင်၏ သားဖြစ်ပြီး တပ်မ ၂၂ တပ်မမှူးနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ဒု နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်