နယ်စပ်မှ ဝင်ရောက်လာသည့် ကနေဒါနိုင်ငံသားကို နေပြည်တော်ပို့

Saturday, 02 April 2011 17:20 သတင်းတိုများ
Print
ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ကျော်၍ မကြာသေးမီက တိုက်ပွဲများဖြစ်ထားသည့် ဝေါလေဒေသသို့ ဝင်ရောက်ပြီး ဓာတ်ပုံရိုက်ကူးသူ ကနေဒါနိုင်ငံသားကို မြန်မာ အစိုးရစစ်တပ်က ဖမ်းဆီးထားရာမှ နေပြည်တော်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ အဆိုပါ ကနေဒါ နိုင်ငံသားသည် မတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း သိရသည်။