တရုတ် ထိပ်တန်း နိုင်ငံရေးအကြံပေး မြန်မာနိုင်ငံသို့ လည်ပတ်

တရုတ် ထိပ်တန်း နိုင်ငံရေးအကြံပေး မစ္စတာ ကျာချင်းလင်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ ဖိတ်ကြားချက်ဖြင့် အစိုးရသစ်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ယနေ့တွင် မန္တလေးသို့ ရောက်ရှိလာသည်။ တရုတ်ပြည်သူ့ နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသားကော်မတီ ဥက္ကဋ္ဌ ကျာ ချင်းလင်က တရုတ်-မြန်မာ ဆက်ဆံရေး တိုးမြှင့်ရန်နှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် အရေးပါသော ခရီးစဉ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ မစ္စတာ ကျာ ချင်းလင်သည် မြန်မာနိုင်ငံပြီးလျှင် သြစတြေးလျနှင့် ဆာမိုအာ နိုင်ငံများသို့ ဆက်လက် ခရီးဆက်မည်ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်