အာဆီယံ-EU စီးပွားရေးဆွေးနွေးပွဲ မြန်မာတက်နိုင်

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု ပြဿနာများ ရှိနေသည့်တိုင် ဥရောပ သမဂ္ဂ (EU) သည် အာဆီယံ-EU စီးပွားရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို မေလ ၅ ရက်နေ့ စတင်ကျင်းပရန် ခွင့်ပြုလိုက်ပြီဖြစ်သည်။ အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြောဆိုဆွေးနွေးကြမည်ဖြစ်ပြီး ထိုအထဲတွင် မြန်မာပြည်မှ လုပ်ငန်းရှင်များလည်း ပါမည်ဟု မျှော်လင့်ကြောင့် အာဆီယံဆိုင်ရာ EU သံအမတ်ကြီး ဂျူလီယန် ဝီလ်ဆင်က ပြောသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ ကွန်ဗင်းရှင်း စင်တာတွင်ကျင်းပမည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံမှ ကုမ္ပဏီပေါင်း ၃၀၀ တက်ရောက်ဖွယ်ရှိသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်