ဇာဂနာကို ဗြိတိန် အနုပညာရှင်အဖွဲ့ ရာသက်ပန် ဂုဏ်ထူးဆောင်အဖွဲ့ဝင် သတ်မှတ်

Monday, 23 May 2011 11:57 သတင်းတိုများ
Print
ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော စွယ်စုံ အနုပညာရှင် လူမှုကူညီရေး ဆောင်ရွက်သူ လူရွှင်တော် ဇာဂနာအား ဗြိတိန် နိုင်ငံမှ အနုပညာ ရှင်ပေါင်း သုံးသောင်း ကျော် ပါဝင်တဲ့ Equity အဖွဲ့၏ ရာသက်ပန် ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။ လူရွင်တော် ဇာဂနာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဂျာမနီနိုင်ငံ ဘရီမင်မြို့၏ သွေးစည်း ညီညွတ်ရေးဆုကို ချီးမြှင့်ခံခဲ့ရသည်။