လူမှုရေးလုပ်သူများ သတိပေးခံရ

ရန်ကုန်တိုင်း သန်လျင်မြို့မှ တသီးပုဂ္ဂလ အမတ်လောင်း ဦးဝင်းကိုကိုဝင်းနှင့်အဖွဲ့အား လူမှုရေးလုပ်ငန်းများ ဆက်မလုပ်ရန် အာဏာပိုင်များက သတိပေး တားမြစ်သည်ဟု သိရသည်။ ၎င်းတို့အဖွဲ့သည် ရွေးကောက်ပွဲနောက်ပိုင်းတွင် သွေးလှူခြင်း၊ ကျောင်းနေအရွယ် ကလေးများအား ထောက်ပံ့ခြင်း စသည့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပြီး မကြာသေးခင်က ဘုန်းတော်ကြီး ပညာသင်ကျောင်း တကျောင်းအား သွားရောက်လှူဒါန်းစဉ် သတိပေးခံရခြင်း ဖြစ်သည်။ အလားတူ တောင်ဥက္ကလာပ မြို့နယ်ရှိ တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာစောနိုင်အားလည်း လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် လူငယ်ကွန်ယက် ဖွဲ့စည်းမှုနှင့် ပတ်သက်၍ အာဏာပိုင်များက ခေါ်ယူမေးမြန်းခဲ့ကြောင်းသိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်