ရခိုင် မဟာမုနိ ဘုရားကြီးအလှူငွေများ စစ်တပ်ချယ်လှယ်

Tuesday, 24 May 2011 12:08 သတင်းတိုများ
Print
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ဓည၀တီမြို့ဟောင်း၌ တည်ရှိသော မဟာမုနိဘုရားကြီး၏ နေ့စဉ် ကျပ်ငွေ သိန်းချီ ရရှိသော အလှူငွေများကို ဒေသခံ စကခ (၉) စစ်တပ်၏ တပ်မမှူးထံ အပ်နှံနေရကြောင်း နိရဉ္စရာ သတင်းတွင် ရေးသားထားသည်။ ဘုရားကြီး၏ ဂေါပကအဖွဲ့ကို စစ်တပ်က ချုပ်ကိုင်ထားပြီး ဘုရားကြီးတခုလုံး၏ ကိစ္စမှန်သမျှကို တပ်မမှူးက ချယ်လှယ်နေကြောင်း၊ ဒေသခံများက ရိုသေလေးစားသူများကို ဂေါပကအဖွဲ့အဖြစ် တင်မြှောက်ပိုင်ခွင့်မရှိဘဲ စစ်တပ်က တင်မြှောက်သော ဂေါပက အဖွဲ့ကို ၃ လ တကြိမ်ခန့်ထားကြောင်း သိရသည်။