မိုးရာသီ ROCK ဂီတဖျော်ဖြေပွဲ ကျင်းပမည်

Tuesday, 13 July 2010 14:24
Print
မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ရန်ပုံငွေ အဖြစ် ဂီတ ဖျော်ဖြေပွဲ တခုကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းထွဋ်၊ Rဇာနည်၊ အဲလက်စ်၊ ထွန်းအိန္ဒြာဗို၊ ချမ်းချမ်း၊ အေသင်ချိုဆွေ တို့ ၆ ဦးက သီဆို ဖျော်ဖြေမည် ဖြစ်သည်။

ယင်း ဖျော်ဖြေပွဲတွင် အဲလက်စ် အတွက် သူဦးဆောင် ဖွဲ့စည်းထားသည့် HERO ဂီတဝိုင်းက တီးခတ် ပေးမည် ဖြစ်ပြီး ကျန် တေးသံရှင်များကို EMPEROR တေးဂီတ အဖွဲ့က တီးခတ် ပေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းပွဲ အစီအစဉ်နှင့် ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲကို ဇူလိုင် ၃ ရက်နေ့ နေ့လယ်က ဗဟန်း မြို့နယ်ရှိ CAFE JASPER ဆိုင်တွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။