ဈေးနယ်နိမိတ်များတွင် အလှူမခံရန် အမိန့်ထုတ်

E-mail Print
ရန်ကုန်မြို့ ဈေးနယ်နိမိတ် များတွင် နိုင်ငံရေးပါတီများ အပါအ၀င် မည်သို့သော လူပုဂ္ဂိုလ်အဖွဲ့ အစည်းကိုမျှ အလှူခံခွင့် မပြုကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) က ယခု လဆန်းပိုင်းတွင် အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

အမိန့် ကြေညာ စာများကို လတ်တလောတွင် ကြည့်မြင်တိုင်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင် မြို့နယ်ရှိ ဈေးများ၌ လိုက်လံ ကပ်ထားပြီး ယခင်က ထိုကဲ့သို့ စာကပ်ခြင်းများ မရှိကြောင်း တွေ့မြင် ခဲ့သူများက ဆိုသည်။

YCDC ၏ ဈေးများ ဌာနမှ တာဝန်ရှိသူ တဦးက နိုင်ငံရေး ပါတီများ သာမက တခြားသော အဖွဲ့များ ကိုလည်း အလှူငွေ ကောက်ခံ ခွင့်ပြုမည် မဟုတ်ကြောင်း၊ ကောက်ခံပါက စည်ပင် သာယာ ဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အရေးယူ သွားမည် ဖြစ်ကြောင်း ပြောသည်။

စည်ပင်သာယာ ဥပဒေ ပုဒ်မ ၃၃ ဆိုသည်မှာ ဈေးနယ်နိမိတ်အတွင်း အာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ အလှူခံခြင်း၊ ဈေးကောက် ကောက်ခြင်း စသည်တို့ ဖြစ်သည်။   

YCDC ၏ ဈေးနယ်နိမိတ်တွင် က၊ ခ၊ ဂ၊ ဃ စသည်ဖြင့် အဆင့် လေးဆင့်ခွဲထားသော ဈေးပေါင်း ၁၆၈ ဈေးရှိပြီး ထိုဈေးများ တွင်“အလှူငွေများ ကောက်ခံခွင့်မပြု”ဟူသော စာများကို လိုက်လံ ကပ်သွားမည်ဟု သိရသည်။  

ဇွန်လ ၁၈ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ်ရှိ ဈေးတခုတွင် နိုင်ငံရေးပါတီ၂ ခုက ရန်ပုံငွေအတွက် အလှူခံခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အလှူခံသော ပါတီများမှာ ဦးရဲထွန်း၏ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ)နှင့် ဦးအေးလွင်၏ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်တို့ ဖြစ်သည်။

အလှူခံသည့် ပါတီ ၂ ခုအနက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (အရှေ့ပိုင်း ခရိုင်) အာဏာပိုင်များက တရားစွဲထားကြောင်း သိရသည်။

အဆိုပါ ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးလွင်ကို ဈေးနယ်နိမိတ်အတွင်း အလှူခံမှုဖြင့် တရားရုံးက ဒုတိယ အကြိမ် ဆင့်ခေါ် ထားကြောင်း သိရသည်။

“ကျနော်တို့က ဥပဒေနဲ့ အညီ ဆောင်ရွက်တယ် ဆိုတဲ့အကြောင်း ပြန်ပြီး အကြောင်းကြားထားတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လာရောက် ဖြေရှင်းရန် မလို။ ဆက်သွယ်မယ်ဆိုရင် ပါတီ ရုံးချုပ်သို့ ဆက်သွယ် ဆောင်ရွက်ပါရန် အကြောင်း ပြန်စာပို့ထားတယ်”ဟု ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီ ဥက္ကဌ ဦးရဲထွန်းက ပြောသည်။

နိုင်ငံရေး ပါတီများကို ထောက်ပံ့ပေးလိုသူများ အနေဖြင့် အများပြည်သူများက လှူဒါန်းနိုင်ကြောင်း၊ နိုင်ငံရေး ပါတီများကလည်း ယင်း အလှူငွေများကို ကောက်ခံခွင့်ရှိကြောင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပေဒေ ပုဒ်မ ၁၅ အပိုဒ်ခွဲ (က) တွင် ဖော်ပြ ထားသည်။

ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း သည် လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(USDA) အသင်း၏ ခေါင်းဆောင် တဦးဖြစ်သည်။

ဧရာဝတီ သတင်းထောက် သန်းထိုက်ဦးနှင့် ခင်ဦးသာ ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်