Lazy Club တေးဂီတဖြင့် ဟစ်ပ်ဟော့ပွဲတော် ကျင်းပ

Thursday, 12 August 2010 10:40
Print
မြန်မာပြည် ဂီတ လောကတွင် ပထမဆုံး တေးဂီတဝိုင်း နှင့် ဖျော်ဖြေသည့် ဟစ်ပ်ဟော့ပ် ပွဲတော်ကို သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၂ နာရီတွင် ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပခဲ့သည်။

hiphop400ယခင်က ဟစ်ပ်ဟော့ စင်တင်ပွဲများတွင် DJ များဖြင့်သာ တင်ဆက်လေ့ ရှိကြသော်လည်း ယခုအခါ Lazy Club တေးဂီတဝိုင်းက တီးခတ်ပေးထားသည်။

Hip Hop Acoustics Show ဟု အမည်ပေးထားသော ယင်းပွဲကို ၂ ပိုင်းခွဲကျင်းပရာ ပထမပိုင်းအနေဖြင့် စိုင်းစိုင်းခမ်းလှိုင်၊ ဂျေမီ၊ ဟဲလေး၊ ယုန်လေး၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ လွမ်းပိုင်၊ ချမ်းချမ်း၊ စန္ဒီမြင့်လွင်၊ အေသင်ချိုဆွေ၊ သားကြီး၊ သိန်းလင်းစိုး၊ Cyclone၊ Snare၊ G-Family၊ နိုင်းဝမ်း၊ စိုးကြီး၊ SZ၊ မိစန္ဒီ၊ တို့က ဖျော်ဖြေ တင်ဆက် ခဲ့ကြသည်။

ထို့နောက် ဒုတိယပိုင်းတွင် အထက်ပါ ဟစ်ပ်ဟော့ပ် အဆိုရှင်များအပြင် Henale၊ G-3၊ MHL၊ Satan၊ Doe Doe၊ Hip-2၊ one way၊ Bunny၊ Phyoe တို့က သီဆိုဖျော်ဖြေခဲ့ပြီး ည ၈ နာရီကျော်တွင် ဖျော်ဖြေရေး အစီအစဉ်များ ပြီးဆုံးခဲ့သည်။

ဖျော်ဖြေရေး အစီအစဉ်များအပြီးတွင် လူငယ်များအတွက် DJ ဖြင့် စုပေါင်း ကခုန်ခြင်း အစီအစဉ်များ ဆက်လက် ကျင်းပ ခဲ့သည်။