ဗိုလ်သန်းရွှေ၏ ရွေးကောက်ပွဲအစီအစဉ်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တပ်မတော်နေ့ မိန့်ခွန်းတွင် မြန်မာပြည်တ၀န်း အာဏာထိန်းချုပ်ရေး ရည်မှန်းချက် အောင်ဖို့ရာ လက်တကမ်း အလိုသာ ရှိတော့သည်ဟု ယုံကြည်မှု အပြည့်ရှိနေကြာင်း ပြသခဲ့သည်။

ဗိုလ်သန်းရွှေက ဘောင်းတော်မညိတ်မချင်း မြန်မာပြည်တွင် မည်သည့်လှုပ်ရှားမှုမှ ပြု၍မရပါ။ ဤအချက်က အထင်အရှား ဖြစ်သလို သူ၏ မတ်လ ၂၇ ရက်နေ့၊ တပ်မတော်နေ့မိန့်ခွန်းပါ အချက်များကို အဓိပ္ပာယ်ကောက်ယူပါကလည်း သူ မည်သို့ လိုလားနေသည်ကို သိသာနိုင်ပါသည်။

ဗိုလ်ချုပ်မှူးကြီးက စေ့စပ်ဆွေးနွေး၍ အပေးအယူပြု ညှိနှိုင်းမှုကို လုံးဝ မလိုလားကြောင်း ကမ္ဘာနှင့် မြန်မာပြည်သူများကို သူ၏ မိန့်ခွန်းတွင် ၀မ်းနည်ဖွယ် ထပ်မံသတိပေးခဲ့ပြန်သည်။ နိုင်ငံ တခုလုံး သူ၏အစီအစဉ်အတိုင်း လိုက်လျှောက်ကြ စေရန်သာ လိုလားနေပြး၊ တပ်မတော်အင်အားအဖြစ် စစ်ရေးပြကြသည့် ၁၃,၀၀၀ သော စစ်သည်များပမာ မေးခွန်းမထုတ်၊ အထွန့်မတက်ဘဲ နာခံလိုက်နာကြရန်သာ သူက တောင်းဆိုခဲ့သည်။

နေပြည်တော် မြို့တော်သစ်တွင် ပြောကြားသည့် သူ၏ ၁၇ မိနစ်ကြာ မိန့်ခွန်းတွင် ဗိုလ်ချုပ်သန်းရွှေက အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တောင်းဆိုနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကိစ္စ မလိုအပ် ကြောင်း ငြင်းဆိုခဲ့သည်။ လွန်ခဲ့သောနှစ်က ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြီးသည့် ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ရန် မလိုအပ် ကြောင်း သူက ပြောဆိုခဲ့သည်။ အကြောင်းမှာ "ပြည်သူများကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခဥပဒေကို အတည်ပြုပြီး ဖြစ် သောကြောင့်" ဟု ဆိုသည်။ သို့သော်လည်း ဤပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အတုအယောင်အဖြစ် အကျယ်အပြန့်ရှုတ်ချ ပြစ်တင်နေကြပါသည်။

NLD ပါတီနှင့် ဒီမိုကရေစီလိုလားသည့် အတိုက်အခံအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် သံတမန်ရေးဖိအားပေးမှုများ ကို တင်းခံ၍ ဗိုလ်သန်းရွှေက ရင်ကြားစေ့ရေးလုပ်ဆောင်ရန် မလိုအပ်ကြောင်း၊ ဆန္ဒလည်း မရှိကြောင်း ပြောင်ပြောင် တင်းတင်းပင် ပြသခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော NLD ပါတီကိုယ်စားလှယ်များကို အနှစ် ၂၀ နီးပါး အတောမသတ် နှိပ်ကွပ်ခဲ့ပြီးနောက် ယခုအခါတွင် သူက နောက်ဆုံးအောင်ပွဲကို လက်တကမ်းအလိုရှိတော့ သည်ဟု ယုံကြည်နေပြီ ဖြစ်သည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲရလဒ်အရဆိုလျှင် သူ၏ ရာသက်ပန်အာဏာထိန်းချုပ် ရေး စီမံကိန်းက သေချာနေပြီ ဖြစ်သည်။               
    
သို့သော်လည်း ယခုအချိန်တိုင် ၂၀၁၀ ခုနှစ်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အသေးစိတ် အချက် အလက်များကို စစ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။ ရက်အတိအကျ မသတ်မှတ်မကြေညာရသေး သလို၊ မည်သူများက ရွေးကောက်ခံမည်ကိုလည်း ထုတ်ဖော်ခြင်း မရှိသေးပါ။ မိန့်ခွန်းတွင် ဗိုလ်သန်းရွှေက ဤ လာမည့် ရွေးကောက်ပွဲတွင် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်သွားမည့် ရည်ရွယ်ချက်ရှိကြောင်း ဖုံးကွယ်မထားဘဲ ထုတ်ဖော် ပြောကြားခဲ့ပါသည်။

နိုင်ငံရေးပါတီများက "ရင့်ကျက်တည်ငြိမ်စွာဖြင့် စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက် သွားမည့် နိုင်ငံရေးပါတီများကို အစိုးရက ထောက်ခံသွားမည်ဖြစ်ကြောင်း" သူက ပြောခဲ့သည်။ ဆိုလိုသည်မှာ စစ်တပ်၏ အုပ်ချုပ်ပိုင်ခွင့် အခွင့်အရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်လာသည့် "မရင့်ကျက်သော" နိုင်ငံရေးပါတီများကိုတော့ ဖယ်ကျဉ်ထားမည့်ပုံ ခန့်မှန်းရပါသည်။ သို့မဟုတ် ထို့ထက်လည်း ပို၍ ဆိုးနိုင်ပါသည်။

စစ်အစိုးရက သူတို့ပြောပြောနေသည့် "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်" ဆိုသည်ကိုလည်း လျှို့ဝှက်ထိန်ချန်မထား ခဲ့ပါ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆိုသည်မှာ လက်ရှိနိုင်ငံရေးအနေအထားမှ အနည်းငယ်ချဲ့ထွင်ထားခြင်းမျှသာ ဖြစ်ပြီး စစ်တပ်ကို အခြားသော အင်စတီကျူးရှင်း၊ အဖွဲ့ဌာန ကဏ္ဍပေါင်းစုံ၏ အထက်တွင် မြှင့်တင်နေရာပေးထားခြင်း ဖြစ် ပါသည်။

ဖွဲ့စည်းပုံဥပဒေ အသစ်အရဆိုလျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (လက်ရှိအနေဖြင့်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) က နိုင်ငံ၏ဥပဒေလွှတ်တော် အဆင့်အသီးသီးတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကို ခန့်အပ်တာဝန်ပေးခွင့်ရှိနေပါ သည်။ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၄၄၀ ရှိမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၂၄ နေရာ ရှိမည် ဖြစ်သည်။ နိုင်ငံရေးအင်အားစုများက သူ့စကားအတိုင်း နားမထောင်၊ မလိုက်နာလျှင်လည်း အခြား အာမခံချက်များ လုပ်ထားပါသေးသည်။ ပြဌာန်းချက်တခုတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အလိုကျ စစ်အုပ်ချုပ် ရေး ပြဌာန်းကျင့်သုံးခွင့် ရှိနေပြန်သည်။

လွန်ခဲ့သည့်နှစ်ကတော့ တပ်မတော်နေ့မိန့်ခွန်းတွင် အာဏာတပ်မက်သူ မဟုတ်ကြောင်း၊ သူက ရွေးချယ်ခံရမည့်သူများထံ ဥပဒေကြောင်းအရ အာဏာလွှဲပြောင်းပေးမည် ဖြစ်ကြောင်း အာမခံပြောကြားသည်ကို ကြားခဲ့ရသည်။

၂၀၀၇ ခုနှစ်၊ နှောင်းပိုင်း သံဃာ များဦးဆောင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို ရက်စက်စွာ အကြမ်းဖက် ဖြိုခွဲချေမှုန်း ပြီးသည့်နောက်ပိုင်း အပြင်းအထန် နိုင်ငံတကာဖိအားပေးမှုကို ကြုံတွေ့ရင်ဆိုင်ခဲ့ရသောကြောင့် ဖြစ်ပါသည်။

သို့သော်လည်း ယခုနှစ် မေလတွင် သူက နည်းမျိုးစုံညစ်ထားသည့် ဆန္ဒခံယူပွဲဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုရေး ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ၉၀ ရာခိုင်နှုန်း ကျော် အနိုင်မဲ ရရှိခဲ့သည်ဟု ဆိုသည်။ ကမ္ဘာကြီးက နာဂစ်မုန် တိုင်းကြောင့် ဖြစ်ရသည့် လူသားချင်းစာနာမှု ကပ်ဒုက္ခများအပေါ် အာရုံထားနေသည့်အချိန်၌ သူက နောက်ကွယ်တွင် အလိမ်အညာ လှိုင်းများကို စိတ်တိုင်းကျစီမံနိုင်ခဲ့သလို၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ဗိုလ်ချုပ်များက သူ့လက် သူ့ခြေ စီမံနိုင်သည့်အခွင့်အရေးကို ရခဲ့ကြပြန်သည်။

၂၀၀၇ ခုနှစ်တွင် အရေအတွက် အတိအကျ မခန့်မှန်းနိုင်သည့် ရဟန်းများကို သတ်ဖြတ်ခဲ့သည့်အဖြစ်နှယ် မဟုတ်လျှင် သော်မှ၊ စစ်အစိုးရက မုန်တိုင်းသင့်ဒုက္ခသည်များကို အကြင်နာမဲ့စွာ ပစ်ထားခဲ့ပြီး နိုင်ငံတကာ အကူအညီများ လက်ခံရေး၊ ကယ် ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများတွင်လည်း များစွာနောက်ကျပြီးမှ ဆောင်ရွက်ခဲ့သလို၊ နိုင်ငံတကာ အကူအညီများကိုလည်း လိုလိုလားလားမဟုတ်ဘဲနှင့် ခွင့်ပြုပေးခဲ့ပြန်သည်။

ယခုနှစ်တွင်တော့ အာဏာလွှဲပြောင်းပေးမည်ဟု ပြောစရာ မလိုတော့ပေ။ ဤသို့ပြောမည့်အစား ဗိုလ်ချုပ်သန်းရွှေမိန့်ခွန်း တွင် သတိပေးသံ တသီကြီးပါလာခဲ့သည်။

နိုင်ငံရေးသမားများအနေနှင့် "ဆူပူမှုများ မဖြစ်အောင် ထိန်းသိမ်းကြရန်၊ ပုဂ္ဂိုလ် ရေးတိုက်ခိုက်မှုများ မပြုကြရန်၊ အခြား နိုင်ငံရေးပါတီများကို မပုတ်ခတ်ကြရန်" လိုအပ်သည်ဟု ဆိုခဲ့သည်။ ပို၍အရေးကြီး သောအချက်အနေနှင့် ကိုယ်စားလှယ် လောင်းများသည်လည်း အမည်ဖော်ပြညွှန်းဆိုခြင်းမပြုသော အတိုက်အခံအုပ်စု တခုအလား အတူမယူကြရန် ပြောခဲ့သေး သည်။

"အခြေအနေနှင့် မလျော်ညီသည့် ပြည်ပမှလာသော အတွေးအခေါ်နှင့် ညွှန်ကြားချက်များ ကျင့်သုံးခဲ့မှုကြောင့် ပျက်သုဉ်းရ သည့်" အုပ်စုအလား ပြည်ပနိုင်ငံများကို မမျှော်ကိုးကြရန် ဆိုခဲ့သေးသည်။

ယခုအချိန်တွင် စစ်တပ်အာဏာကြီးစိုးရေးကို တရားဝင်ပြုနိုင်တော့မည့် ရည်မှန်းချက်ပြည့်ပြီဟု ဗိုလ်သန်းရွှေက အသေ ချာကြီး သေချာနေနိုင်သည်။ သူ့အစီအစဉ် တခုခုလွဲချော်သွားလျှင်လည်း ရွေးကောက်ပွဲကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း ပစ်မည်မှာ အံ့သြဖွယ် မရှိပါ။ သူက အောင်ပွဲခံမည့်ကာလ ရောက်လုနီးအခြေအနေတွင် လူအများက မျှော်လင့်ချက်များ တိုး၍မြင့်၍ တောင်းဆိုလာကြမည်ကိုလည်း သူက စိုးရိမ်နေသေးသည်။

သို့အတွက်ကြောင့် သူက လူသိများသည့် မြန်မာစကားပုံတခုကို ကိုးကားကာ "အခုရေတွင်းတူး အခုရေကြည်သောက်ဖို့ မဖြစ်နိုင်ဘူး" ဟု ဆိုခဲ့သေးသည်။

မြန်မာပြည်သူများ၏ မျှော်လင့်ချက်များကို အရာမသွင်းဘဲထားစဉ်၊ နိုင်ငံတကာမိသားစုကို မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်ယောင်ယောင် ကိစ္စများကို လွန်ခဲ့သည့်ဆယ်စုနှစ် ၂ ခု အတွင်း ဗိုလ်ချုပ်သန်းရွှေက သိမ်မွေ့စွာ ဟန်ပြလုပ်ဆောင်ရင်း ဟန်ချက်ထိန်းခဲ့ရသည်။ ယခုတော့ သူ၏အကြပ်အတည်းဆုံး လမ်းဆုံလမ်းခွသို့ ရောက်လာပြီဖြစ်သည်။ တချက်လေး တိမ်းချော်သွားလျှင်၊ သို့မဟုတ် ပြည်သူလူထုက ဒေါသူပုန်ထ အုံကြွကြလျှင် သူ မျှော်လင့်ထားခဲ့သလို၊ သူထိန်းချုပ်လာခဲ့ သလိုမဖြစ်ဘဲ အခြေအနေများ ကပြောင်းကပြန် ပြောင်းလဲသွားနိုင်ပါသေးသည်။ ဤသို့ဖြစ်ရန်မှာလည်း အခြား အကြောင်း များထက်စာလျှင် စီးပွားရေးအကြပ်အတည်းများက ပို၍ တွန်းပို့ဖွယ် အလား အလာ မြင်နေရပါသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်