ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး Facebook မှာတောင်းဆို

E-mail Print
အင်းစိန်ထောင်ရောက် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ရည်ရွယ်သည့် ကွန်ယက် တခုကို Facebook အင်တာနက် စာမျက်နှာတွင် ယမန်နေ့က အစပြုလိုက်ရာ တရက် အတွင်း ထောက်ခံသူ အရေ အတွက် လေးသောင်း ကျော်သွားသည်။

နိုင်ငံတကာမှ အင်တာနက် အသုံးပြုသူများက ဒေါ်အောင်ဆန်းစုကြည် Facebook ကွန်ယက်တွင် မှတ်ချက်များ ထောင်နှင့်ချီပြီး ရေးသားကြသည်ကို တွေ့ရသည်။

အဆိုပါ ကွန်ယက်ကို ကမကထ ပြုသူမှာ ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK ဟု အမည်ရသည့် မြန်မာ့ အရေး ဆောင်ရွက်နေသော အဖွဲ့ အစည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို နိုင်ငံတကာ မြို့တော်ကြီးများတွင် ပြုလုပ်နေကြရာ ဤစာမျက်နှာက အဆိုပါ လှုပ်ရှားမှုများကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာပြည် အခြေ အနေတွေ လူအများ သိနိုင်ဖို့အတွက် Facebook ကို သုံးတဲ့နည်းလမ်းက အင်မတန် ထိရောက်ပါတယ်” ဟု Burma Campaign UK အဖွဲ့က ပြောသည်။

http://www.facebook.com/pages/Aung-San-Suu-Kyi/9953503420?ref=pdb သည် ဒေါ်အောင်ဆန်းစုကြည် Facebook ကွန်ယက်၏ လိပ်စာ ဖြစ်သည်။

Facebook အသုံးပြုသူများထဲတွင် ပြည်ပရောက် ဒီမိုကရေစီ အရေး လှုပ်ရှားသူများလည်း ပါဝင်သည်။

“နိုင်ငံတကာမှာ ရှိတဲ့ မြန်မာ သံရုံးတွေရှေ့က လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ Facebook ကတဆင့် ဖိတ်ခေါ်တာတွေကို ပူးပေါင်း ဆောင်ရွက်လို့ရတယ်” ဟု ပြည်ပရောက် ဒီမိုကရေစီ အရေး လှုပ်ရှားသူ တဦး ဖြစ်သော ကိုစိုးအောင်က ပြောသည်။

ကမ္ဘာ့ ထိပ်တန်းရောက် လူမှုဆက်သွယ်ရေး အင်တာနက်ကွန်ယက်ဖြစ်သော Facebook မှ တဆင့် မြန်မာ့အရေး ဆောင်ရွက်နေသူတို့၏ လှုပ်ရှားမှုများ၊ အချက်အလက်များကို သိရှိရန် စစ်အစိုးရက စောင့်ကြည့်နေကြောင်း မြန်မာ့အရေး လေ့လာ အကဲခတ်သူများက သတိပေးကြသည်။

Facebook တွင် ရေးသား ဖော်ပြသည့်အခါ လုံခြုံရေးကို သတိထားရသည်ဟု မြန်မာ့အရေး လှုပ်ရှားသူ တဦး ဖြစ်သည့် ကိုအောင်မျိုးသိန်းက ပြောသည်။

“Facebook မှာ အတွင်းရေးကိုတော့ သိပ်မပြောကြဘူး၊ ကိုယ်က သူတို့ကို သိစေချင်တဲ့ အကြောင်းကိုပဲ ရေးကြတယ်” ဟု
ကိုအောင်မျိုးသိန်းက ရှင်းပြသည်။

အင်တာနက် စာမျက်နှာများသည် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု စစ်မြေပြင် ဖြစ်လာပြီး Facebook သည်လည်း စည်းရုံး လှုံ့ဆော်သူများ အတွက် တော်လှန်ရေး လက်နက်တခု ဖြစ်လာသည်။

Facebook သည် သက်တမ်း ၅ နှစ် ရှိပြီ ဖြစ်ပြီး ဝန်ဆောင်မှု ကောင်းသောကြောင့် လည်းကောင်း၊ သုံးစွဲရန် လွယ်ကူခြင်းကြောင့် လည်းကောင်း နိုင်ငံတကာမှ အင်တာနက် အသုံးပြုသူများကြားတွင် ထင်ရှားလျက်ရှိသည်။

နိုင်ငံတကာနှင့် ချီသည့် လှုပ်ရှားမှု တခုကို အစပြုနိုင်ခြင်းမှာ Facebook ၏ ဝန်ဆောင်မှု တခု ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်