ဒေါ်အောင်ဆန်းစုကြည်အမှုကို စတင်ကြားနာ

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား အမှုနှင့် ပတ်သက်ပြီး ယနေ့တွင် တရားလိုပြသက်သေ ရဲမှူးကြီးတဦးကို စတင် ကြားနာ စစ်ဆေး၍ မနက်ဖြန်သို့ ရုံးချိန်းပြန်ချိန်းလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောသည်။

ယနေ့ နံနက်ပိုင်းက အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး စတင် စစ်ဆေးရာတွင် တရားလို သက်သေ တဦးဖြစ်သူ ယင်း ရဲမှူးကြီးမှ ၂၀၀၃ ခုနှစ်က ကန့်သတ်မိန့် အရ အပြစ်ရှိကြောင်း ထွက်ဆိုသည်ဟု ဦးဉာဏ်ဝင်းက ဧရာဝတီ သို့ ပြောပြသည်။

“မနက် ၁၀ နာရီ ကျော်လောက်ကနေ ၂ နာရီလောက်အထိ အမှုစစ်ဖြစ်တယ်၊ မြောက်ပိုင်း ခရိုင် တရားသူကြီးနဲ့ အနောက်ပိုင်း ခရိုင်တရားသူကြီး ၂ ယောက်ထိုင်တဲ့ ခုံရုံးပါ၊ တရားလို သက်သေထဲက ဒု ရဲမှူးကြီး တယောက်ကို စစ်တယ်၊ သူက ဒေါ်အောင်ဆန်းစုကြည်တို့ ပြစ်မှု ကျူးလွန်တာနဲ့ ပတ်သက်ရင် ကန့်သတ်မှုရှိတယ်လို့ သူကပြော တယ်၊ သူပြောတဲ့ ကန့်သတ်မှုက ၂၀၀၃ ခုနှစ်ကတည်းက ကန့်သတ်မှု၊ ဘာလဲဆိုတော့ ပုဂ္ဂိုလ်ရေး ကန့်သတ်မှု တွေ အဲဒီ တုန်းက လုပ်ထားတယ်၊ ဒါကြောင့် အခု လုပ်ရပ်က ပြစ်မှု ဖြစ်တယ်လို့ သူက ဒီလိုပြောချင်တယ်၊ အဲဒီ တော့ ကျနော်တို့ကလည်း လိုအပ်တဲ့ အပြန်အလှန် မေးခွန်းတွေနဲ့ လုံလုံလောက်လောက် မေးခဲ့ပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားသော လူ့အခွင့်အရေး၊ လူတဦးချင်းစီ၏ အခွင့်အရေးများကို ၂၀၀၃ ခုနှစ်က ရုပ်သိမ်းထားသည့် ကန့်သတ်မိန့် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အစိုးရ ဘက်က တရားလိုပြသက်သေ ၂၂ ဦး ရှိပြီး ၎င်းတရားလိုသက်သေများကို အလျင်ဦးစွာ စစ်ဆေးခြင်းဖြစ် သည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုအပါအ၀င် ၎င်းနှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် သမီး မ၀င်းမမ၊ ရေကူး ၀င်ရောက် သူ အမေရိကန် နိုင်ငံသား John William Yettaw တို့ကို ရုံးထုတ်ကြောင်း သိရသည်။

ယခုအမှုနှင့်ပတ်သက်ပြီး တရားမျှတသည့် တရားစီရင်ရေးအတွက် စိုးရိမ်မှုရှိကြောင်းလည်း ဦးဉာဏ်ဝင်းက ပြော သည်။

“ကျနော် စိုးရိမ်တာက တရားရုံးက အုပ်ချုပ်ရေးလိုင်းက ပေးတဲ့ အမိန့်အတိုင်း လုပ်တတ်လို့၊ လုပ်လေ့ရှိတယ်လို့ ကြားဖူးနေလို့ ၊ အဲဒါကို စိုးရိမ်တာ၊ နိုင်ငံရေးအမှုတွေမှာ ရုံးတင်ပြီးတော့လွတ်သွားတဲ့အမှု ကျနော်မတွေ့သေးဘူး၊ ဒေါ်စုကို ထောင်ထဲမှာ ထားလိမ့်မယ်လို့ ကျနော်ထင်တယ်၊ သူတို့လုပ်ချင်တဲ့ ဆန္ဒရှိနေတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲက နီးလာပြီ”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

၎င်း၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး ယနေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်