ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဗြိတိသျှ ပါလီမန်တွင် လှုံ့ဆော်

E-mail Print
ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ပိုမိုဖိအားပေးရန် ဗြိတိန်နိုင်ငံရောက် ကရင်တိုင်းရင်းသား ၂ဝ က ယနေ့ ဗြိတိသျှ ပါလီမန်သို့ သွားရောက် လေ့လာသည့် ခရီးစဉ်တွင် တိုက်တွန်းလိုက်သည်။

ထို့အပြင် ကရင် တိုင်းရင်းသားတို့၏ ဒေသရှိ မြန်မာ့ တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ချက်ချင်း ရပ်ဆိုင်းရေး အတွက် ပိုမို ဖိအားပေးရန်လည်း တိုက်တွန်းခဲ့သည်ဟု သိရသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ဗြိတိသျှ ပါလီမန် ခရီးစဉ်အတွင်း ပါလီမန် အမတ်များကို ထိထိ ရောက်ရောက် စည်းရုံး လှုံ့ဆော်နိုင်မည့် နည်းနာများကို လေ့လာခဲ့ကြသည်ဟု Karen Community Association-UK ဟု ခေါ်သည့် ဗြိတိန်နိုင်ငံ ကရင် ကိုယ်စားပြု အဖွဲ့  မှ အတွင်းရေးမှူး ဖြစ်သူ ဇိုယာဖန်းက ပြောသည်။

“မနက် ၉ နာရီခွဲကနေ ၁၂ နာရီ အထိ လေ့လာခွင့် ရတယ်၊ ပါလီမန် အတွင်းမှာ ဒီနိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို ပါလီမန် အမတ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရတဲ့ အစီအစဉ်တွေ ဖြစ်တယ်” ဟု ဇိုယာဖန်းက ပြောသည်။

ဤခရီးစဉ်ကို ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK ဟု အမည်ရသည့် မြန်မာ့ အရေး ဆောင်ရွက်နေသော အဖွဲ့ အစည်းက စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ခရီးစဉ်အတွင်း ဗြိတိသျှ ပါလီမန် အမတ် Alan Beith နှင့် ဆွေးနွေးခွင့် ရခဲ့သည်ဟု သိရသည်။

အဆိုပါ ကရင် တိုင်းရင်းသားများသည် ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ သွားရောက် လေ့လာမည့် အစီအစဉ် ရှိသည်ဟု ဆိုသည်။

ထိုင်း- မြန်မာ နယ်စပ်မှ ကရင်ဒုက္ခသည် ၃ဝဝ ခန့်သည် ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်