မြန်မာ့အရေး လုံခြုံရေး ကောင်စီတွင် အလွတ်သဘော ဆွေးနွေး

E-mail Print
ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရသည့် အရေးနှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်နိုင်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ အလွတ်သဘော ဆွေးနွေးနေကြသည်။ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့၏ အစီအစဉ်ဖြင့် ထိုသို့ ဆွေးနွေးနေခြင်း ဖြစ်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင်နေမှုအပေါ် အရေးယူပေးရန် ပြီးခဲ့သည့် အပတ်အတွင်း လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများ နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တို့ကို ဝိုင်းဝန်း ဖိအားပေးလျက်ရှိသည်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများသာမက နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ၉ ဦး၊ နိုင်ငံတကာ ခေါင်းဆောင်ဟောင်း ၇၂ဦး တို့၏ ထုတ်ပြန်ချက်များ နှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်  ၄ဝ ကျော်၏ တောင်းဆိုချက်များတွင်လည်း အမြန်ဆုံး ကြားဝင် ဖြေရှင်းပေးရန် လုံခြုံရေး ကောင်စီကို တိုက်တွန်းထားသည်။

သို့သော်လည်း လုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာ သုံးနိုင်သော တရုတ် နှင့် ရုရှားနိုင်ငံတို့၏ တင်းခံနေမှုကြောင့် အဆိုပါ တောင်းဆိုချက်များမှာ ခရီးမရောက်နိုင်သေးပေ။

နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ် သတင်းရပ်ကွက်များ၏ အဆိုအရ လုံခြုံရေး ကောင်စီဥက္ကဌ ၏ ကြေညာချက် သို့မဟုတ် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ချက် ထွက်ရှိနိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စု၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့က ကြိုးပမ်းနေသည်ဟု သိရသည်။

လုံခြုံရေး ကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံ၏ သဘောတူညီချက် ရရှိပါက မြန်မာပြည်အရေးကို ဆွေးနွေးနိုင်မည် ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံက ထိုသို့ ဆွေးနွေးရန် လက်ခံခြင်း မရှိပေ။ နိုင်ငံတခု၏ ပြည်တွင်းရေး ကိစ္စကို ဝင်ရောက် စွက်ဖက်ရာရောက်သည်ဟု တရုတ်နိုင်ငံက ပြောလေ့ရှိသည်။ ရုရှား နှင့် ဂျပန်နိုင်ငံတို့ကလည်း ထိုသို့ ဆွေးနွေးရန် ကြိုးပမ်းချက်များကို သတိကြီးစွာဖြင့် ရှောင်ရှားလိမ့်မည်ဟု အများက ယူဆထားသည်။

အခြားတဘက်တွင်လည်း အမေရိကန် ပြည်ထောင်စု၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့က မြန်မာပြည်၏ လက်ရှိအခြေအနေ နှင့် ဒေါ်အောင်ဆန်းစုကြည်အား မတရား အမှုဆင်နေခြင်းတို့မှာ လုံခြုံရေး ကောင်စီတွင် ဆွေးနွေးသင့်သည့် အကြောင်းအရာများ ဖြစ်သည်ဟု ယူဆထားသည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်း လုံခြုံရေး ကောင်စီတွင် မြန်မာပြည်အရေးကို ဆွေးနွေးခဲ့မှုများ ရှိသဖြင့် နိုင်ငံတခု၏ ပြည်တွင်းရေး ကိစ္စများသာ ဖြစ်သည်ဟု မယူဆသင့်ကြောင်း အဆိုပါ နိုင်ငံကြီး ၃ ခုက ထောက်ပြကြသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်သည့် လုံခြုံရေး ကောင်စီဥက္ကဌ ၏ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တနင်္လာနေ့က နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ၉ ဦး၏ လှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်ကြောင်း နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ၂ဦး ဖြစ်သည့် ဒလိုင်းလားမား နှင့် ဟိုဆေးရာမို့ဟော်တာတို့က ကြေညာလိုက်သည်။

နိုဗဲလ်ဆုရှင် ၉ ဦးက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသို့ တနင်္လာနေ့က ပေးပို့သည့် စာတွင် မြန်မာပြည်အခြေအနေများကို ကြားဝင် ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးရန် တိုက်တွန်းထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်