ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀တ်ပြုဆုတောင်း

E-mail Print
လက်ရှိ တရားစွဲဆို ခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ပူးပေါင်း ၍ လူငယ်၂၅ ဦးတို့က ယမန်နေ့တွင် ၀တ်ပြုဆုတောင်းပွဲတရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။   

အဆိုပါ ဆုတောင်းပွဲကို မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ဆုတောင်းပြည့် စေတီကြီးတွင် ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု အမည် မဖော်လိုသူ ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။

“လူငယ်တွေကတော့ ဆုတောင်းပြည့် စေတီကြီးကိုသွားပြီးတော့ ငါးလွှတ်တယ် ၊ ရည်ရွယ်ချက်ကတော့ ဒေါ် အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အတွက် ငါးသွားလွှတ်ကြတယ်”ဟု ၎င်းဒေသခံ က ပြောသည်။

၎င်းက ဆက်လက်၍့ “၀တ်ပြုဆုတောင်းပွဲကို အာဏာပိုင်အဖွဲ့အစည်းတွေ အနေနဲ့ကလည်း တားဆီးတာတော့ မရှိဘူး၊ စောင့်ကြည့်တာတော့ရှိတယ်” ဟု ဆိုသည်။
   
ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် ယင်းအမှုကို စတင်စစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ယင်း ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံထားရသည့်အပေါ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရုရှားနှင့် တရုတ်သံရုံး များရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြခဲ့သည်။ ထို့အပြင် ထိုင်း- မြန်မာနယ်စပ် မဲဆောက် မြို့ သောင်ရင်းမြစ်ကမ်းစပ်တွင်လည်း ကန့်ကွက်ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်