စစ်အစိုးရ ကန့်ကွက်ချက် ထိုင်းနိုင်ငံ ပယ်ချ

E-mail Print
အာဆီယံ အသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် တောင်းဆို ကြေညာခဲ့ခြင်းမှာ မြန်မာ့အရေးကို ဝင်ရောက် စွက်ဖက်ခြင်း မဟုတ်ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ဖြေရှင်းချက် ထုတ်လိုက်သည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

“ပြည်တွင်းရေးကို ဝင်စွက်တာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့သလိုပဲပေါ့၊ နိုင်ငံ အတော်များများက ဆန္ဒပြပွဲတွေ၊ တောင်ပိုင်း ဒေသက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်တယ် ဆိုပြီး ပြောကြတယ်။

ဘာကြောင့်လည်း ဆိုတော့ ထိုင်းမှာ ဖြစ်တဲ့ အခြေ အနေတွေက ဒေသတွင်း တည်ငြိမ်ဖို့ နဲ့ အာဆီယံအသင်းကို ထိခိုက်နိုင်တယ်လေ” ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ်ဖိရုမ်းက ပြောသည်။

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်နေသော အာဆီယံ-ဥရောပ အစည်းအဝေး (အာဆမ်)တွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် လာမည့်နှစ် ရွေးကောက်ပွဲအတွက် အဓိကကျသည့် ခြေလှမ်းများဖြစ်သည်ဟု ဝန်ကြီး ကဆစ်ဖိရုမ်းက ထိုင်းနိုင်ငံ၏ ကြေညာချက်ကို ကာကွယ် ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၏ ထုတ်ပြန်ချက်ကို မြန်မာစစ်အစိုးရက အလေးအနက် ကန့်ကွက်ကြောင်း ယမန်နေ့က ထုတ်ဝေသည့် သတင်းစာများတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံသား တဦး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို “ဥပဒေနှင့်အညီ မလွှဲမရှောင်သာ အမှုဖွင့် တရားစွဲဆိုခဲ့ရပါသည်” ဟု မြန်မာ စစ်အစိုးရ၏ ကန့်ကွက်ချက်တွင် ရေးသားထားသည်။

“အာဆီယံ အဖွဲ့အနေဖြင့် ဥက္ကဋ္ဌ၏ ကြေညာချက် အပါအဝင် ကြေညာချက်များ ထုတ်ပြန်မည်ဆိုပါက အဆင့်မြင့် အရာရှိကြီးများ အဆင့်တွင် မူကြမ်းကို ညှိနှိုင်း ရေးသားပြီး နိုင်ငံခြားရေးဝန်ကြီးများအဆင့်သို့ တင်ပြလျက် တူညီဆန္ဒ ရရှိမှသာ ထုတ်ပြန်နိုင်ပါသည်” ဟု မြန်မာအစိုးရက ဆိုသည်။

သို့သော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကမူ ကြေညာချက်ကို အာဆီယံအသင်း၏ နိုင်ငံခြားရေး ဝန်ကြီးများ၏ သဘောတူညီမှုဖြင့် ထုတ်ပြန်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောလိုက်သည်။

အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက်ကို မြန်မာ စစ်အစိုးရက ကန့်ကွက်သော်လည်း ဥရောပ ကော်မရှင်က ထောက်ခံခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်