အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ် ၆ သိန်းကျော် ရရှိ

E-mail Print
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လက်မှတ်ရေးထိုး လှုပ်ရှားမှု တွင် နိုင်ငံပေါင်း ၁၅၀ ကျော်မှ လက်မှတ်ပေါင်း ၆ သိန်း ၅ သောင်းကျော် လက်ခံရရှိကြောင်း ယင်း လှုပ်ရှားရေးကော်မတီ က ကြေညာခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) တို့က ပူးပေါင်းကာ အတိုက်အခံ အင်အားစုများ သတ်မှတ်ထားသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့၊ မေလ ၁၃ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို လှုပ်ရှားမှုကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ် ပြည့်မည့် မေလ၂၇ ရက်နေ့ အထိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှု လက်မှတ် အရေအတွက် ၈၈၈၈၈၈ ရရှိရန် ရည်ရွယ်ခဲ့သည်။

AAPP စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံသား အကျဉ်းသား ၂၁၀၀ ခန့်ရှိကြောင်း သိရသည်။

ယင်းသတင်းစာ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ယနေ့ ၂၆ ရက်နေ့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ထိုင်းလူ့အခွင့်အရေး အရာရှိတဦး၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် အာဆီယံ အမတ် များဖြင့် ဖွဲ့စည်းထားသော (AIPMC) အဖွဲ့ ဥက္ကဌ Kraisak Choonhavan (ထိုင်း)၊ ဒု - ဥက္ကဌ Lim Kit Siang (မလေးရှား)နှင့် ဒု - ဥက္ကဌ Charles Chong (စင်ကာပူ) တို့ တက်ရောက်ခဲ့သောကြောင့် အာဆီယံအသင်း သို့ တောင်းဆိုမှုများနှင့် အကြံပြုမှုများ တင်ပြနိုင်ခဲ့ကြောင်းလည်း သိရသည်။

ယင်း လှုပ်ရှားရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ၊ FDB၏ နိုင်ငံခြားရေးရာ အတွင်းရေးမှူး မခင်ဥမ္မာက “အခမ်းအနားတက်ရောက်ခဲ့သော အာဆီယံ လွတ်တော်အမတ်တွေက နအဖကို အာဆီယံ အဖွဲ့ဝင် အဖြစ်က ခဏ ရပ်ဆိုင်းဖို့လုပ်သင့်တယ်၊ ပြီးတော့ နအဖ ကို တိုက်ရိုက်ထိစေမယ့် စီးပွားရေး ပိတ်ဆို့မှုကို အာဆီယံက လုပ်သင့်တယ်၊ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဖွဲ့သင့်တယ်လို့ အကြံပြု ခဲ့ပါတယ်” ဟု ပြောပြသည်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပထမ ခြေလှမ်း အနေနှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို မဖြစ်မနေ ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရအား ဖိအားပေးရန် လက်မှတ်ထိုး တောင်းဆို လှုပ်ရှားကြခြင်း ဖြစ်သည်။ ထိုလှုပ်ရှားမှုမှ ရရှိသည့် လက်မှတ်များကို မစ္စတာဘန်ကီမွန်း ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

တချိန်ထဲတွင် ရန်ကုန်မြို့ရှိ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave (GW) ကလည်း နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား မတရား ဖမ်းဆီး ထောင်ချရန် ကြိုးစားနေခြင်းနှင့် ပတ်သက်၍ ယနေ့ မေ ၂၆ ရက်နေ့တွင် ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

GW အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့ရှိ ဘတ်စ်ကား များပေါ်၌ ဒေါ်အောင်ဆန်းစုကြည် ပုံနှင့်တကွ “ပြည်သူ့ ခေါင်းဆောင်ချက်ချင်းလွှတ်” ဆိုသည့် လက်ကမ်းစာစောင်များ ဖြန့်ချိဝေငှထားကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ အင်းစိန်ထောင် တရားရုံးတွင် အမှုရင်ဆိုင်နေရပြီး နေအိမ်အကျယ် ချုပ် ကျနေစဉ် ကန့်သတ်တားဆီးမိန့် ချိုးဖောက်သည်ဟု စွပ်စွဲခံရသောကြောင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ ကျခံရဖွယ်ရှိသည်။ မေလ ၂၇ ရက်နေ့၊ မနက်ဖြန်တွင် သူ့အား နေအိမ်အကျယ်ချုပ် ချထား သည့် သက်တမ်း ၆ နှစ် ပြည့်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်