ဓနုတ်သတင်း မပြောရ၊ ထောင်ဒဏ် ၃ နှစ်

E-mail Print
ရန်ကုန်တိုင်း ဒလမြို့နယ်မှ ဓနုတ်ဘုရားကြီး ပြိုကျခြင်းနှင့် ပတ်သက်သည့် မည်သည့် သတင်းစကားမျှ မပြောဆိုရ ဟု ဒေသခံများကို သက်ဆိုင်ရာက ပိတ်ပင် တားမြစ် ထားကြောင်း သိရှိရသည်။

ဒလမြို့နှင့် တွံတေးမြို့နယ်များတွင် နေထိုင်သူများအား ပြည်တွင်း ဂျာနယ်များနှင့် တခြား မီဒီယာအသီးသီးမှ သတင်း မေးမြန်းခြင်းပြုလုပ်ခဲ့သော် ပြန်လည် ဖြေကြားခြင်းမပြုရ၊ တခြား အနယ်နယ် အရပ်ရပ်မှ ဖုန်းဖြင့် မေးမြန်းလျှင်လည်း ပြန်လည် ဖြေကြားခြင်းမပြုရ၊ ထိုဘုရားပြိုကျခြင်း အကြောင်းကို အချင်းချင်း ပြောဆိုခြင်း မပြုရ။ ပြုလုပ်သည်ကို တွေ့ရှိပါက ထောင်ဒဏ် ၃ နှစ် ကျခံရမည်ဟု ပိတ်ပင်ထားကြောင်း ဒလမြို့ခံများထံမှ သိရှိရသည်။

“ရယက ရုံးတွေမှာ စာ ကပ်ထားတယ်၊ ဒါတောင် လူတွေက သူများကို မပြောရရင်တောင် ကိုယ့်အချင်းချင်း ကြိတ်ပြောကြတာပဲ၊ ဖြစ်သွားတာလည်း အံ့သြစရာ၊ ကြောက်စရာကြီး” ဟု ဒလမြို့ခံတဦးက ပြောဆိုသည်။

အဆိုပါ ဓနုတ်ဘုရားကြီး ပြိုကျခြင်းမှာ အံ့အားသင့်စရာဖြစ်ပြီး ပြိုကျပုံမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းသောကြောင့် လူအများ စိတ်ဝင်စားနေကြသည်။

ထိုဘုရားကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏ ဇနီး၊ သားသမီး တစုက ရန်သူကို အောင်ပွဲခံနိုင်ရန်ဟူ၍ အတိတ်နိမိတ် ကောက်ယူပြီး ထီးလာတင်ခြင်းကြောင့် ယခုကဲ့သို့ ပြိုပျက်ရကြောင်း၊ ထို့ပြင် ယနေ့ထိတိုင် သေဆုံးသူ အများအပြားရှိနေပြီး သေဆုံးသူ စာရင်းကို အတည်ပြုရန် ခက်ခဲနေကြောင်း ဒေသခံများက ပြောဆို နေကြသည်။

အဆိုပါ ဓနုတ်ဘုရားကြီးမှာ မွန်ဘုရင်တပါးက တည်ထားခဲ့သော ရှေးဟောင်း ဘုရားဖြစ်ကြောင်း သိရှိရသည်။

ဒလမြို့နယ်အတွင်း သီတင်းသုံးသော သံဃာတော်ကြီးတပါးက ထိုဘုရား၏ မူရင်းအမည်မှာ ဓားနှုတ် ဘုရားဖြစ်ပြီး အဓိပ္ပာယ်မှာ ရှင်ဘုရင်များက ရန်သူကို အောင်နိုင် ပြီးသည့် အခါ ထိုနေရာတွင် ရန်သူ့ကို ဓားဖြင့် စီရင်ပြီး ဓားကို ပြန်နှုတ်သည့် နေရာ၊ အောင်ပွဲခံသည့် နေရာဖြစ်သည်ဟု ပါးစပ်ရာဇဝင်ကို ပြောပြသည်။

ဓားနှုတ်ဘုရားကို အလွယ်တကူ ဓာနှုတ် ဘုရားဟု ခေါ်ဆိုကြရာမှ ယခုအခါ ဓနုတ် ဘုရားဟု အဆင့်ဆင့်ခေါ်ဆိုပုံ ရွေ့လျားပြောင်းလဲ လာခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသံဃာတော်ကြီးက ဆိုသည်။

“မွန်ဘုရင်တွေတည်ခဲ့တဲ့ တန်ခိုးကြီးဘုရားပါပဲ၊ ခုလို ပြိုပျက်တာကတော့ မကောင်းဘူးပေါ့၊ ဘုန်းဘုန်း အနေနဲ့ ဘုရားပြိုကျတယ်ဆိုတာ မကြားဖူးခဲ့ဘူး၊ ခုမှပင် မြင်ရ ကြားရတယ်၊ လူတွေလည်း အများကြီး သေရတယ်၊ စိတ်မကောင်းဘူး” ဟု အဆိုပါ သံဃာတော်ကြီးက မိန့်သည်။

ထိုင်းနိုင်ငံ၊ စံခလဘူရီနယ် အခြေစိုက် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကမူ ဓနုတ်ဘုရားကြီးကို မွန်ဘုရင် ဓနုရာဇာက တည်ခဲ့ကြောင်း “ရာဇာသမု” အမည်ရှိ မွန်ရှေးဟောင်း ဘုရင်များ သမိုင်းပေစာအရ သိရသည်ဟု ဆိုသည်။ ဓနုတ်ဆိုသည်မှာ မွန်ဘာသာအရ လေးမြားဟု အဓိပ္ပာယ်ရပြီး လေးပစ်တော်သောဘုရင် ဓနုရာဇာက တည်သဖြင့် ဓနုတ်ဟူသည့် အမည် မှည့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့၏ အဆိုအရ သိရသည်။

ဓနုတ်ကျေးရွာသို့ ရန်ကုန်တဘက်ကမ်း ဒလမြို့မှ ကားဖြင့် မိနစ် ၄၀ ခန့်အကြာ သွားရသည်။ အဆိုပါ ဓနုတ် ဘုရားကြီးမှာ နာဂစ်မုန်တိုင်းကြောင့် ထီးတော် ကျိုးပျက်ခဲ့၍ စောင်းတန်းများလည်း ပျက်စီးခဲ့သော ဘုရားစေတီဖြစ်ကြောင်း၊ နာဂစ်မုန်တိုင်း နောက်ပိုင်း ပြန်လည်ပြင်ဆင်ရန် အလှူငွေ ကောက်ခံမှုများ ပြုလုပ်ခဲ့သည်ကို ကြားသိခဲ့ရပြီး ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရှိရသည်။

ထိုဘုရားမှာ တန်ခိုးကြီးကြောင်း၊ ဘုရားဝန်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဇရပ်မှာလည်း အဓိဌာန်နှင့် ဆောက်လုပ်ခဲ့ကြသည်ဟု ကြားခဲ့ဖူးကြောင်း၊ မေလ ၇ ရက်နေ့က စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ ဇနီးနှင့်သားသမီးများ ထီးတော် တင်ရာတွင်လည်း အဆင်မပြေ ဖြစ်ခဲ့သေးသည်ဟု ကြားသိခဲ့ရသေးကြောင်း၊ ထို့နောက် အနီးပတ်ဝန်းကျင်ရွာမှ လူများကို လာရောက်လုပ်အား ပေးရန် စေခိုင်းခဲ့ကြောင်း၊ ယခုကဲ့သို့ ဘုရားပြိုပျက်သွားခြင်းမှာ စစ်ဗိုလ်ချုပ်များ လာရောက် ထီးတင်ခြင်းကြောင့် ဖြစ်သည်ဟု အများက ပြောနေကြကြောင်း ဓနုတ်ကျေးရွာတွင်နေထိုင်သူ တဦးက ပြောပြသည်။

“ခုတော့ အဲဒီ ဘုရားအကြောင်းလဲ မပြောရဘူး၊ ဘုရားပြိုရာမှာ လူဘယ်နှယောက် ပါသွားတယ် ဆိုတာလည်း မပြောရဘူးတဲ့။ ကိုယ့်အိမ်က လူပါရင်တောင် လုံးဝမပြောရဘူးလို့ တားမြစ်ထားတယ်။ ပြောတဲ့သူကို ထောင် ၃ နှစ်ချမယ်လို့လည်း ပြောတာပဲ” ဟု သူက ဆိုသည်။

၎င်းဒေသတွင် ယခုအခါ ပရိတ်ရေများကို တမြို့နယ်လုံး ကားဖြင့် လိုက်လံ ပက်ဖြန်းခြင်း၊ ထိုဒေသများအတွင်း ပရိတ်ရွတ်စေခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သူက ဆက်ပြောသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်