ဘန်ကီမွန်း မြန်မာပြည်သွားမည်

E-mail Print
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက ယခုနှစ်အတွင်း မြန်မာပြည့်သို့ သွားရောက်မည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် ဦးသန့်၏ နှစ်တရာပြည့် မွေးနေ့အမှတ်တရ အခမ်းအနားတခုတွင် ပြောကြားလိုက်သည်။

ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော ယင်းအခမ်းအနားတွင် မစ္စတာဘန်ကီမွန်းက `ဦးသန့် တန်ဖိုးထားမြင်လိုတဲ့ ဒီမိုကရေစီအစစ်အမှန်ဟာ သူ့မွေးရပ် မြေမှာပေါ် ထွန်းမလာ သေးတာဟာ ၀မ်းနည်းစရာကောင်းပါတယ်၊ ဒါကြောင့်ပဲ ကျနော် ဒီနှစ်မြန်မာပြည်ကိုသွား ပါ မယ်´ ဟုပြောသည်။

ဦးသန့်၏ ဇာတိမြန်မာပြည်အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်မံပြောဆိုသည်။

အဆိုပါအခမ်းအနားကို U Thant Institute နှင့် UN office for Partnerships and the Department of Public Information (DPI) တို့က ပူးတွဲ ကျင်းပခြင်းဖြစ်သည်။

ဦးသန့်သည် ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် ၁၉၀၉ ခု ဇန်န၀ါရီလ ၂၂ ရက်က မွေးဖွား ခဲ့သည်။

ငယ်စဉ်က ပန်းတနော် အမျိုးသား အထက်တန်းကျောင်းတွင် အခြေခံပညာကို သင်ကြားခဲ့ပြီး နောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် တက်ရောက်ကာ ပညာဆည်းပူးခဲ့သည်။

ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဦးသန့်သည် ၁၉၆၁ ခု မှ ၁၉၇၁ ခုနှစ် အထိ ထမ်းဆောင်ခဲ့ရာ သူ့ သက်တမ်းကာလအတွင်း ကမ္ဘာစစ်ပွဲ ဖြစ်ပွားနိုင် သည် အထိ ကြီးမားသော ကျူးဘား နျူကလီးယားဒုံး ပြဿနာကို စေ့စပ်ဖြေရှင်းနိုင်ခဲ့သော သမိုင်းမှတ်တမ်းဝင် ဆောင်ရွက်ချက်မျိုးကို ပြုလုပ်နိုင်ခဲ့သူ ဖြစ်သည်။

ဗီယက်နမ်စစ်ပွဲ အပါအ၀င် ၁၉၆၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခ စသည့် ကမ္ဘာ့ရေးရာများစွာကို ဦးသန့်သည် သူ့၏အတွင်းရေးမှူးချုပ် သက်တမ်း ၂ ကြိမ် အတွင်းဖြေရှင်း ဆောင်ရွက်ခဲ့ပါသည်။

ဦးသန့်သည် အထွေထွေ အတွင်းရေးမှူး ချုပ်တာဝန်မှ အနားရပြီးနောက် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့ပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်