ထိုင်းနယ်စပ်ရှိ ကရင်ရွာသား ၂ ဦး ပစ်သတ်ခံရ

E-mail Print
DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ဝင်များဟု ယူဆရသူ တချို့က ယမန်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံအတွင်းရှိ အိမ်တအိမ်သို့ ဝင်ရောက်ပြီး  ပစ်ခတ်မှုကြောင့် ကရင် ရွာသား၂ ဦး သေဆုံးသွားကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်တဦးက ပြောသည်။  

KNU နှင့် ဆက်သွယ်သည်ဟု သံသယ ရှိသောကြောင့် ထိုသို့ ပစ်ခတ်သွားခြင်း ဖြစ်နိုင်ကြောင်း KNU တွဲဖက် အတွင်းရေးမှူး (၁) ဖဒို စောလှငွေက ဧရာဝတီသို့ ပြောသည်။

“DKBA က လာရှင်းတယ် ဆိုကတည်းက KNU နဲ့ ဆက်သွယ်တယ်၊ သူတို့ကို တိုက်မယ့်သူတွေလို့ စွပ်စွဲပြီးတော့ လုပ်တဲ့ ကိစ္စမျိုးပဲ ရှိတယ်”ဟု ဖဒို စောလှငွေက ပြောသည်။

DKBA တပ်ဖွဲ့ဝင်ဟု ယူဆရသူများသည် ဆိုင်ကယ် စီး၍ ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဘားအံမြို့နယ်ရှိ DKBA ရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြောခွင့်ရ ပုဂ္ဂိုလ် မရှိသေးဟုသာ အကြောင်း ပြန်ကြားခဲ့သည်။

သေဆုံးသွားသည့် ကရင်အမျိုးသားများသည် အသက် ၃၆ နှစ် အရွယ် ဖားမော်ကလိုး နှင့် အသက် ၂၈ နှစ် အရွယ် အဲခလိန်း တို့ ဖြစ်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ့သလေမြို့နယ် အတွင်းရှိ သောင်းရင်းမြစ် ကမ်းနားတွင် နေထိုင်ခဲ့ကြကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက အခင်း ဖြစ်ပွားခဲ့သည့် နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း ကရင်တိုင်းရင်းသားများနှင့် ပတ်သက်ပြီး ရေးသား ဖော်ပြသည့် ကရင်သတင်းစဉ် (KIC) မှ တာဝန်ရှိသူတဦးက ပြောသည်။

ထိုဒေသရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များတွင် မကြာသေးမီက မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည့် ကရင် ဒုက္ခသည် ၄ဝဝဝ ဝန်းကျင်လည်း ခိုလှုံနေကြသည်။ အဆိုပါ ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ဖြစ်ပြီး ယခုလဆန်းပိုင်းက ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

နယ်စပ်ဒေသတွင် တိုက်ပွဲငယ်များ အဆက်မပြတ် ဖြစ်ပွားနေသော်လည်း ယခု လဆန်းပိုင်းမှ စတင်ပြီး မြန်မာ့တပ်မတော် နှင့် DKBA တို့ ပူးပေါင်းပြီး KNU ၏ တပ်စခန်းများကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ကြသည်။

ကရင် အချင်းချင်း သတ်ဖြတ်လိုခြင်း မရှိသဖြင့် KNU က စစ်စခန်းများကို စွန့်လွှတ်မည်ဟူသော သတင်းများ ထွက်ပေါ်လာပြီး မကြာမီမှာပင် KNUက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အနီးမှ သူ၏ စခန်းများကို လက်လွှတ်လိုက်ရသည်။

ဇွန်လ ၂၁ ရက်နေ့ တနင်္ဂနွေနေ့တွင် ပူးပေါင်းတပ်ဖွဲ့များက KNU ၏ အဓိက တပ်စခန်း ဖြစ်သော တပ်မဟာ(၇) ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။

KNU သည် မြန်မာအစိုးရကို နှစ်ပေါင်း ၆ဝ ကျော် လက်နက်ကိုင် ဆန့်ကျင်နေသော တိုင်းရင်းသား အဖွဲ့တဖွဲ့ ဖြစ်သည်။

DKBA သည် ၁၉၉၅ တွင် KNU မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် ပူးပေါင်းခဲ့သော အဖွဲ့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်