လူမှုစီးပွားရေးနှင့် နိုင်ငံရေး အဆိုးဝါးဆုံးနိုင်ငံ မြန်မာပါဝင်

E-mail Print
မြန်မာပြည်သည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး တို့တွင် အဆိုးဝါးဆုံး နိုင်ငံ ၆၀၌ အဆင့် ၁၃ နေရာတွင် ရှိ ကြောင်း ယမန်နေ့က Failed States Index ၏ ၂၀၀၉ ခုနှစ် လေ့လာ သုံးသပ်ချက် အရ သိရသည်။
 
အဆိုပါ လေ့လာ သုံးသပ်ချက်ကို Foreign Policy မဂ္ဂဇင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားခြင်း ဖြစ် သည်။

မြန်မာပြည် ယခုကဲ့သို့ ကျဆင်းရခြင်းမှာ အစိုးရက ပြည်သူများ၏ လူမှုစီးပွားရေးကို လွန်ကဲစွာ ထိန်းချုပ်ခြင်း ကြောင့် ဖြစ်ကြောင်း ယင်း လေ့လာချက်က သုံးသပ်ထားသည်။

Failed States Index ကို အမေရိကန်ပြည်ထောင်စု ရှိ think-tank ၊ ၀ါရှင်တန် အခြေစိုက် The Fund for Peace နှင့် Foreign Policy မဂ္ဂဇင်းတို့က နိုင်ငံများ၏ အခြေအနေကို ပူးပေါင်း လေ့လာသုံးသပ်၍ ၂၀၀၅မှ စတင်ကာ နှစ်စဉ် ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀ရနှင့် ၂၀၀၈ မှစတင်ကာ အဆိုးဝါးဆုံးသော နိုင်ငံစာရင်းတွင် ပါဝင်လာခဲ့သည်။ ၂၀၀ရခုနှစ်တွင် အဆင့် ၁၄ရှိခဲ့ပြီး ၂၀၀၈တွင် အဆင့် ၁၃နေရာသို့ရောက်ရှိလာခဲ့သည်။

ယခုနှစ်တွင် အာဆီယံ အဖွဲဝင်နိုင်ငံများ ဖြစ်သော ဖိလစ်ပိုင်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့က ဆိုးဝါးသော နိုင်ငံ ၆၀စာ ရင်းတွင် အောက်ဆုံးနေရာမှ ပါဝင်လျက်ရှိပြီး မြောက်ကိုးရီးယားမှာ အဆင့် ၁၇ တွင် ရပ်တည်လျက် ရှိသည်။

၂၀၀၇ ခုမှစတင်၍ ကမ္ဘာပေါ်ရှိ နိုင်ငံ ၁၇၇နိုင်ငံကို သုံးသပ်ပြီးနောက် အခြေအနေဆိုးဝါးသည့် နိုင်ငံ ၆၀ ကို Foreign Policy မဂ္ဂဇင်း၏ Failed States Index စာရင်းတွင် ဖော်ပြထားသည်။

ယင်းအဖွဲ့သည် နိုင်ငံရေး၊ လူမှုစီးပွားရေးနှင့် ပတ်သက်သော အခြေခံအချက် ၁၂ချက်နှင့် အခြား လူသိများသော သတင်းအချက်အလက် ၃၀၀၀၀ ပေါ်မှုတည်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။

Failed State ဆိုသည်မှာ နိုင်ငံရပ်တည်ရေး နှင့် ပတ်သက်၍ လူမှုစီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အခြေ အနေများကို ပြန်လည် မဖန်တီးနိုင် တော့သည့် နိုင်ငံ ကို ဆိုလိုခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်