မြောက်ကိုရီးယား သင်္ဘောကိစ္စ စစ်အစိုးရရှင်း

E-mail Print
လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်နေချိန်တွင် မြန်မာစစ်အစိုးရက ထိုသင်္ဘောနှင့် ပတ်သက်ပြီး သတင်းမရသေးကြောင်း ယမန်နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။

သို့သော်လည်း ဆန်တန်ချိန် ထောင်ပေါင်းများစွာ သယ်ဆောင်မည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစီး ရက်ပိုင်းအတွင်း မြန်မာပြည်သို့ လာရောက်မည်ဟု အစိုးရသတင်းဌာနက ဆိုသည်။

“ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတ နိုင်ငံပိုင် MV Dumangang ကုန်တင် သင်္ဘောသည် မြန်မာ နိုင်ငံတွင် ဆန်တန်ချိန် ၈ဝဝဝ ခန့် သယ်ဆောင်ရန် အတွက် အိန္ဒိယ သမ္မတ နိုင်ငံ ကိုလ်ကတ္တားမြို့မှ မြန်မာနိုင်ငံသို့ ဇွန် ၂၇ ရက်ဝန်းကျင်ခန့်တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရသည်” ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဗုဒ္ဓဟူးနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

ပြည်ပသတင်းဌာနများက ထုတ်လွှင့်လျက်ရှိသည့် Kang Nam 1 သင်္ဘောနှင့် ပတ်သက်၍ စစ်အစိုးရက သတင်း တစုံတရာ ရရှိခြင်း မရှိဟု မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

Kang Nam 1 သင်္ဘောသည် ယမန်နေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန် စစ်အရာရှိတဦးကို ကိုးကားပြီး AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောပေါ်တွင် အသေးစား စစ်လက်နက် ပစ္စည်းများ သယ်ဆောင် သွားမည်ဟု ယူဆရကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ဖော် ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ စစ်သင်္ဘောတစီးကလည်း မြောက်ကိုရီးယား သင်္ဘောကို နောက်ယောင်ခံ လိုက်လျက်ရှိသည်ဟု ဆိုသည်။

ဤအခြေအနေတွင် စစ်အစိုးရ၏ သတင်းထုတ်ပြန်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မြန်မာပြည်တွင်းရှိ လူ့အခွင့်အရေး အခြေအနေများကြောင့် ဥရောပ နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချမှု ပိတ်ဆို့ထားသည်။

မြောက်ကိုရီးယားသည်လည်း ပြီးခဲ့သည့်လက နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် လက်နက်ပစ္စည်းများ တင်ပို့ ရောင်းချခွင့် ပိတ်ပင်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူ ဆုံးဖြတ်ထားသည်။

ဤသင်္ဘောသည် ကုလသမဂ္ဂ၏ အရေးယူမှု ထုတ်ပြန်အပြီးတွင် ပထမဆုံးအကြိမ် စောင့်ကြည့်ခံရသည့် သင်္ဘော ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်