အကျဉ်းသား လွှတ်မည့်သတင်း အတိုက်အခံတို့ သံသယရှိ

E-mail Print
အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကုလသမဂ္ဂရှိ စစ်အစိုးရ သံအမတ်ကြီး၏ ယမန်နေ့က ပြောကြားချက်အပေါ် နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက သံသယရှိနေ ကြသည်။

အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ စစ်အစိုးရ သံအမတ်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ဦးသန်းဆွေ၏ ပြောကြားချက်များမှာ အဓိပ္ပာယ် ရှင်းလင်းခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

“သံအမတ်ကြီး ပြောတာကတော့ မရှင်းလင်းဘူး၊ သူ ပြောသွားတဲ့ထဲမှာ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားလုံး မပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြသည်။

ယခင်က အကျဉ်းသားများ လွှတ်ပေးရာတွင်လည်း နိုင်ငံရေးအကျဉ်းသား ပါဝင်မှု အလွန်တရာ နည်းပါးသည်ဟု ဦးဉာဏ်ဝင်းက ထောက်ပြသည်။

ထိုင်းမြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ကလည်း အလားတူ ယူဆနေသည်။

“ဟိုတခါလည်း ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး အတွက် ဆိုပြီး လူ ၉ဝဝဝ ကျော် လွှတ်တာ နိုင်ငံရေးအကျဉ်းသားက ၁ဝ ယောက်မပြည့်ဘူး” ဟု AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အစိုးရများက မြန်မာအာဏာပိုင်တို့၏ ပြောဆိုမှုကို အလွယ်တကူ မယုံစားသင့်ဟု ကိုတိတ်နိုင်က ဆိုသည်။

စစ်အစိုးရက အကျဉ်းသား အရေအတွက် ထောင်နှင့်ချီပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိသည့် အချိန်မှာ နိုင်ငံတကာ ညီလာခံများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်တော့မည့် ကာလ၊ ကုလသမဂ္ဂ အထူးအရာရှိများ မြန်မာပြည်သို့ သွားရောက်သည့် ကာလတို့နှင့် တိုက်ဆိုင်နေတတ်သည်။

ထို့ကြောင့် နိုင်ငံတကာ ဖိအား ကြီးမားလာချိန်တွင် စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတချို့ကို လွှတ်ပေးတတ်ကြောင်း အတိုက်အခံများက ဝေဖန်ကြခြင်း ဖြစ်သည်။

လူ့အခွင့်အရေး အဖွဲ့များ၏ စာရင်းအရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိနေသည်။

အကျဉ်းသား အရေအတွက် နိုင်ငံရေး အကျဉ်းသား ပါဝင်မှု လွှတ်ပေးသည့် ကာလ မှတ်ချက်
၆၃၁၃ ၃၁ ၂၀၀၉ ဖေဖော်ဝါရီ ကုလ အရာရှိ အိုဟေး ကင်တားနား၏ မြန်မာပြည် ခရီးစဉ် အပြီးတွင် လွှတ်ပေးခြင်း ဖြစ်သည်။
၉၀၀၂ ၂၀၀၈ စက်တင်ဘာ

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် လွှတ်ပေးခြင်း ဖြစ်ကြောင်း အာဏာပိုင်တို့က ကြေညာသည်။

၈၅၈၅ ၂၀ ၂၀၀၇ နိုဝင်ဘာ အမျိုးသား ညီလာခံ ကျင်းပ ပြီးစီးခြင်း အထိမ်းအမှတ် အဖြစ် လွှတ်ပေးခြင်း ဖြစ်ကြောင်း အာဏာပိုင်တို့က ကြေညာသည်။
၄၀၀ ခန့် ၃၄၁ ၂၀၀၅ ဇူလိုင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ရယူရေး ကြိုးပမ်းစဉ် ကာလက လွှတ်ပေးခြင်းဖြစ်သည်။
၁၄၃၁၈ ၆၀ ၂၀၀၄ နိုဝင်ဘာ၊ ဒီဇင်ဘာ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းပြီးနောက် ယင်းအဖွဲ့၏ မလျော်မကန် ဖမ်းဆီး အကျဉ်းချခြင်း ခံထားရသူများကို လွှတ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
ယခင်က အကျဉ်းသားများအား လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်မှု
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်