ဒေါ်အောင်ဆန်းစုကြည် မလွှတ်ရင် ရွေးကောက်ပွဲ တရားမျှတမည် မဟုတ်ဟုဆို

E-mail Print
မြန်မာ စစ်အစိုးရ အနေနှင့် လက်ရှိ တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးပါက ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှမည် မဟုတ် ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ီရာ ယုဒ (Hassan Wirajuda) က ယမန်နေ့ က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက် အပန်းဖြေစခန်း တနေရာတွင် ပြုလုပ်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ) အစည်းအဝေးတွင် ဤကဲ့သို့ ဟာဆန် ၀ီရာယုဒက အလွတ်သဘော ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့က လတ်တလော အင်းစိန်ထောင်အတွင်း ထိန်းသိမ်း ခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အင်အားစုအားလုံး ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ် ဖြစ်ရ မယ်”ဟု ဟာဆန် ၀ီရာယုဒက ပြောသည်။

မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံတကာ အနေနှင့် အသိအမှတ်ပြု၍ လက်ခံနိုင်သည့် အနေအထားရှိ မရှိ ကိုလည်း အနီးကပ် စောင့်ကြည့် လေ့လာသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော မေလဆန်းပိုင်းတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျံ ယက်ထော ( Mr. John William Yettaw ) ဆိုသူ နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့မှုနှင့် လက်ရှိ ရန်ကုန် အင်းစိန်ထောင်တွင်း တရား ရုံးတွင် တရားစွဲဆို ခံနေရသည်။ အဆိုပါ အမှုသည် ငွေဒဏ် ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ ချခံရနိုင် သည့် အမှု ဖြစ်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ပေးလို၍ ဤအမှုကို ဖန်တီးခြင်း ဖြစ်သည်ဟု အကဲခတ်များက ဝေဖန် နေကြသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ဟူသောအချက်မှာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ် ဝင်းက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ညစာစားပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူပင် အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်(Surin Pitsuwan) ကလည်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲ မှုကိစ္စနှင့် ပတ်သက်၍ ဒေသ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း တနင်္လာနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ ပြဿနာ မဖြေရှင်းနိုင်သေးသရွေ့ အာဆီယံ အနေနဲ့ ကမ္ဘာကို ဆက်လက် ရှင်းပြနေရဦးမယ်” ဟု ဆူရင် ပစ်ဆူဝမ်က ဆိုသည်။

၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက် တိုက်ခိုက်မှုအပြီးမှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်သည် နေ အိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံ နေရသည်မှာ ၅နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ခုနှစ် မှ စတင်၍ နေအိမ် အကျယ်ချုပ် ဘ၀ ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်