ဒေါ်အောင်ဆန်းစုကြည် အမှုကြောင့် ထိုင်းဝန်ကြီးချုပ်၏ခရီး ရွှေ့ဆိုင်း

E-mail Print
ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် မကြာမီ ရက်ပိုင်းအတွင်း မြန်မာပြည်သို့ သွားရောက်ရန် ပြင်ဆင်ထား သော်လည်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကြိုဆို ဧည့်ခံရန် အဆင်သင့်မဖြစ်သေးဟု အကြောင်း ပြန်ခဲ့သည့်အတွက် ခရီးစဉ် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် အဖိဆစ် မြန်မာပြည်သို့ သွားရောက်မည့် ဇူလိုင်လ ၃၁ ရက်နေ့သည် ရန်ကုန် အင်းစိန် ထောင်တွင် တရား ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှု အမိန့်ချ ရက်နှင့် တိုက်ဆိုင်နေသောကြောင့် ယင်းသို့ ရွှေ့ဆိုင်း ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ထိုင်းဝန်ကြီးချုပ်ကို ကြိုဆိုဧည့်ခံဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က မြန်မာသံရုံးက တဆင့် ဆက်သွယ် ပြောကြားခဲ့ပါတယ်”ဟု ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပါနိတန်ဝါတန် ယာခွန်က သတင်း ထောက် များကို ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ လာမည့် သြဂုတ်လ တတိယပတ်အတွင်း သွားရောက်နိုင်ရန် ထိုင်း အစိုးရ ဘက် က မျှော်လင့်ထားကြောင်း အစိုးရ ပြောခွင့်ရသူကို ကိုးကား၍ သတင်းတရပ်တွင် ဖော်ပြထားသည်။

မစ္စတာ အဖိဆစ် ဝေ့ချာချီဝသည် ဝန်ကြီးချုပ်တာဝန် ယူပြီးနောက် အစဉ်အလာအရ ဒေသတွင်း နိုင်ငံများသို့ သွားရောက် လည်ပတ်ရန် စီစဉ်ခဲ့သည်။ ဤအတောအတွင်း မြန်မာပြည် ခရီးစဉ်ကို နောက်ဆုတ်ပေးလိုက်ရခြင်း ဖြစ်သည်။

တရက်ကြာခရီးစဉ် အတွင်း စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံရာတွင် ထိုင်းဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အရေးကို တိုက်ရိုက် ပြောဆိုမည်မဟုတ်ဘဲ အကြောင်းအရာ အားလုံးကို ခြုံငုံပြီး ဆွေးနွေးရန် စီစဉ်ထားသည်ဟု ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပါနိတန်ဝါတန် ယာခွန်က သတင်း ထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

“နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြမှာပါ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ရှေ့ဆက်လုပ်ဖို့လည်း တိုက်တွန်းမှာ ဖြစ်ပါတယ်” ဟု ပါနိတန်ဝါတန် ယာခွန်က ပြောသည်။

မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုအား ယမန်နေ့ နံနက် ၁ဝ နာရီမှနေ့လယ် ၁၂  နာရီ အထိ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် အပြီးသတ်လျှောက်လဲချက် ကြားနာခဲ့ပြီးနောက် စီရင်ချက် ချရန် အတွက် လာမည့် ဇူလိုင် ၃၁ ရက်နေ့သို့ ပြန် ချိန်းဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်