အာဆီယံ စွမ်းအင် အစည်းအဝေး မြန်မာပြည်တွင်ပြုလုပ်

E-mail Print
မန္တလေးမြို့တွင် လတ်တလော ကျင်းပနေသည့် အာဆီယံနိုင်ငံများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ဖက် နိုင်ငံများ၏ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၌ ရင်းနှီး မြုပ်နှံမှုများ ပိုမိုပြုလုပ်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ဧရာဝတီသို့ပြောကြားသည်။

ထိုင်းနိုင်ငံသည် မြန်မာ့ စွမ်းအင်ကဏ္ဍ၌ တရုတ်နိုင်ငံ၏ ပိုမိုရင်းနှီးမြုပ်နှံမှုလာမှုအပေါ်တွင် စိုးရိမ်မကင်း ဖြစ်နေပြီး၊ သံလွင် မြစ်ပေါ်တွင် တည်ဆောက်ထားသော ဟတ်ကြီးနှင့် တာဆန်းရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာမည့် စွမ်းအင်များကို ၀ယ်ယူရန် အတွက် ယခု ဇူလိုင်လ ၂၇ ရက်မှ ၃၀ ရက်အထိပြုလုပ်သည့်(Asean + 3)ဆွေးနွေးပွဲတွင် ဆွေးနွေးသွားမည်ဟု သိရ သည်။

ထိုင်းနိုင်ငံ သည် လာမည့် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ကျောက်မီးသွေး၊ ဒေသတွင်းလျှပ်စစ်စွမ်းအင် လွှဲပြောင်း ရယူ နိုင်ရေး၊ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေး၊ စွမ်းအင်ထိန်းသိမ်းရေး၊ စွမ်းအင်ပြန်လည်အသုံးချရေးနှင့် နျူကလီးယား စွမ်းအင် အသုံးပြုရေး တိုကို့ ဒေသ ၇ ခုတွင် အကောင်အထည်ဖော် မည်ဟုသိရသည်။

“စစ်အစိုးရက Energy ကို တခြားနိုင်ငံကို တင်ပို့ရောင်းချပြီး ၀င်ငွေကို စစ်ရေးမှာ အသုံးပြုနေတယ်၊ တရုတ်နဲ့ ထိုင်း နိုင်ငံ က သူတို့နိုင်ငံမှာထွက်ရှိတဲ့ စွမ်းအင်သယံဇာတကို ထုတ်မရောင်းဘဲ အနာဂတ်အတွက် သုံးဖို့ထားတယ်”ဟု ရှမ်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခွန်စံ က ဧရာဝတီကိုပြောသည်။

ပြင်သစ် တိုတယ်ရေနံကုမ္ပဏီက မြန်မာနိုင်ငံတွင် တူးဖော်နေသည့် ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့စီမံကိန်း ၏ ဓာတ် ငွေ့ပမာဏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံသို့ တင်သွင်းနေသည်၊

နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှု ပိုမို ပြုလုပ်ခဲ့သောကြောင့်  တိုတယ်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရပြီး တရုတ်ကုမ္ပဏီများ အစားထိုး ၀င်ရောက်ခဲ့သော် အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့် စွမ်းအင်အကျပ်အတည်းပိုမို တွေ့ကြုံရမည် ဟု ပြင်သစ် အစိုးရ ကပြီးခဲ့သော မေလက ထုတ်ပြန်ခဲ့သည်။

ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ကီလိုမီတာ ၂၀၀၀ ကျော် ရှည်လျားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက် လိုင်းကို ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်ဖောက်လုပ်မည်ဖြစ်ပြီး ၂၀၁၃ ခုတွင် အပြီးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထား ကြောင်း၊ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း ( CNPC )က ၅၀.၉ ရာခိုင်နှုန်း၊ မြန်မာရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ၄၉.၁ ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း သိရသည်။

“၂၀၀၇ ခုနှစ် လူထုအုံကြွမှုဟာ လောင်စာဆီဈေးနှုန်းမြင့်တက်မှု ကြောင့်ဖြစ်တယ်၊ အခု စွမ်း အင်ဆိုင်ရာ ဆွေးနွေးပွဲဟာ မြန်မာပြည်သူလူထုကို အကျိုးမပြုနိုင်ပါဘူး”ဟု Shwe Gas Movement အဖွဲ့ မှ ကိုဝမ်အောင်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံ နိုင်ငံများနှင့် တောင်ကိုရီးယား၊ တရုတ် ၊ ဂျပန်နိုင်ငံများက အနာဂတ်အတွက် စွမ်းအင် သိုလှောင်ထားရှိမှုနှင့်ပတ်သက်၍ သဘောတူညီချက် မူကြမ်းတခု လည်းရေးဆွဲမည်ဟု သိရသည်။

ရေနံ နှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် လျှပ်စစ်စွမ်းအင်ကဏ္ဍပြီးလျှင် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဖြစ်သည်ဟုသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်