ယင်း အသံလွှင့်ဌာနသည် ယခင်က ဘာသာစကား ၇မျိုးဖြင့် အသံလွှင့်ခဲ့ရာ အာရှ-ပစိဖိတ်ဒေသ အရေးကို အဓိက ဦးတည်၍ မြန်မာ ဘာသာဖြင့် အသံလွှင့်နိုင်ပါက ဘာသာစကား ၈မျိုးဖြင့် အသံလွှင့် နိုင်ပြီ ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်က ပြောသည်။
“မြန်မာပြည်သူတွေ နိုင်ငံတကာနဲ့ ပိုအထိအတွေ့ရှိစေဖို့ ဒီရေဒီယိုက လမ်းကြောင်းသစ် ဖွင့်လှစ်ပေးမှာပါ” မစ္စတာ စမစ်က ပြောသည်။
စစ်အစိုးရသည် မြန်မာပြည်၏ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းကို ထိန်းချုပ်ထားပြီး နိုင်ငံသားများကိုလည်း ပြည်ပနိုင်ငံများနှင့် ရင်းနှီးထိတွေ့မှု မရှိစေရန် ကန့်သတ်ထားသည်။
အမေရိကန်အစိုးရက ထောက်ပံ့ပေးထားသည့် လွတ်လပ်သည့် အာရှအသံ (Radio Free Asia-RFA)၊ နော်ဝေ အစိုးရက ထောက်ပံ့ နေသော ဒီမိုကရက်တစ် မြန်မာ့အသံ (Democratic Voice of Burma- DVB) တို့သည် မြန်မာနိုင်ငံအတွင်း လူသိများသော ပြည်ပ သတင်းဌာနများ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ တိုက်ပွဲတွင် သြစတြေးလျ နိုင်ငံသားများက တသားတည်း ရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန် မစ္စတာ စမစ်ကတောင်းဆိုလျက် ရှိသည်။
< Prev | Next > |
---|