ကျောင်းသား ၅ ဦး ၀က်တုပ်ကွေးဖြစ်ပွား

E-mail Print
မြန်မာပြည်ရှိ A (H1N1) တုပ်ကွေး ရောဂါ ဖြစ်ပွားမှု အခြေအနေကို အာဏာပိုင်တို့က အဆက်မပြတ် ထုတ်ပြန်လျက် ရှိသည်ဟု ဆိုသော်လည်း ရန်ကုန်မြို့ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကျောင်း တခုမှ ကျောင်းသား ၅ ဦးတွင် တုပ်ကွေး ရောဂါ ဖြစ်ပွားခဲ့သည့် သတင်းကို အမှောင်ချထားသည်။

International School Yangon (ISY) ကျောင်းမှ ကျောင်းသား ၅ ဦးတွင် ထိုရောဂါဖြင့် ဖျားနာနေသောကြောင့် ကျောင်း ယာယီပိတ်ရန် ကျန်းမာရေး ၀န်ကြီးဌာနက သောကြာနေ့တွင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ကျောင်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ယနေ့ထုတ် သတင်းစာများတွင် A(H1N1) တုပ်ကွေးရောဂါ ရှိသူ တဦး ထပ်မံ တွေ့ရှိရကြောင်း ဖော်ပြသည့် သတင်း တွင်လည်း ISY ကျောင်းမှ ကျောင်းသား ၅ ဦးတွင် တုပ်ကွေး ရောဂါ ဖြစ်ပွားခဲ့ကြောင်း ထည့်သွင်း ရေးသားထားခြင်း မရှိပေ။

ကျောင်းသား ၃ ဦးမှာ ပြန်လည် ကျန်းမာလာပြီ ဖြစ်သောကြောင့်  ကျောင်းပြန်ဖွင့်မည့် စက်တင်ဘာ ၇ ရက်နေ့တွင် ကျောင်းတက်ကြမည်ဟု ISY ညွှန်ကြားရေးမှူး Tim Travers က ကြေညာထားသည်။ ကျန် ၂ ဦး သည်လည်း ကျောင်းပြန်ဖွင့်ပြီး တပတ်အတွင်း ကျောင်းပြန်တက်နိုင်မည်ဟု ဆရာဝန်က ပြောဆိုကြောင်း ISY ညွှန်ကြားရေးမှူး၏ ကြေညာချက်တွင် ဖော်ပြထားသည်။  

နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီး ISY ကျောင်းကို တယ်လီဖုန်းဖြင့် စုံစမ်း မေးမြန်းရာ အစိုးရ ကျန်းမာရေး ဦးစီးဌာနသို့သာ ဆက်သွယ်ရန် အကြောင်းပြန်ခဲ့သည်။

ကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်သည့်အခါ တာဝန်ကျ ဆရာဝန်ကြီး ခရီးလွန်နေသည်ဟူသော အဖြေကိုသာ ရရှိခဲ့သည်။

ကျောင်းသား ၅ ဦး A (H1N1) တုပ်ကွေး ခေါ် ၀က်တုပ်ကွေးရောဂါ ရခဲ့သည့် ISY ကျောင်းတွင်   သူငယ်တန်းမှ ၁၂ တန်းအထိ ရှိပြီး နိုင်ငံပေါင်း ၃၀ခန့်မှ ကျောင်းသားပေါင်း ၄၂၇ ဦး ပညာသင်ကြားနေသည်ဟု သိရသည်။ ပညာသင်ကြားသူ အများစုမှာ နိုင်ငံခြားသား ကလေးများ ဖြစ်ကာ မြန်မာကျောင်းသား ၁၀၀ ကျော် ပါဝင်သည်။

ယနေ့ထုတ် သတင်းစာများတွင် ပြည်ပမှ ပြန်ရောက်လာသူ အသက် ၃၃ နှစ် အရွယ် အမျိုးသမီးတဦးတွင် A (H1N1) ရောဂါ ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း၊ ထိုရောဂါ ဖြစ်ပွားခဲ့သူ မြန်မာပြည်တွင် ၃၁ ဦး ရှိခဲ့ပြီး အများစုမှာ  ပြန်လည် ကျန်းမာလျက်ရှိကြောင်း ဖော်ပြထားသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ အနေအထားအရ A(H1N1) တုပ်ကွေးရောဂါ ကူးစက်ခံရဖွယ်ရှိသော လူပေါင်း ၁၀၀၀ ကျော်ရှိနိုင်သည် ဟုလည်း ကျန်းမာရေး ဦးစီးဌာမှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

A (H1N1) ရောဂါသည် ဧပြီလတွင် မက္ကဆီကိုနိုင်ငံမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ရောဂါဖြစ်ပွားရက် ၇၁ ရက် အကြာတွင် မြန်မာနိုင်ငံ၌ စတင်တွေ့ရှိသည်။ ထိုစဉ်က ၀က်တုပ်ကွေးရောဂါဟု မြန်မာအာဏာပိုင်တို့က ခေါ်ဝေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကမ္ဘာ့ လူတုပ်ကွေးရောဂါ ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်