လေဆိပ်တွင် အဖမ်းခံရသူသတင်း စုံးစုံးမြှုပ်

E-mail Print
အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသော နိုင်ငံရေးသမားတဦး လွန်ခဲ့သည့် ၅ ရက်က ရန်ကုန်လေဆိပ် အ၀င်တွင် အထိန်းသိမ်းခံလိုက်ရပြီး နောက်ပိုင်း မည့်သည့် သတင်းမျှ မရရှိသဖြင့် အလွန် စိုးရိမ် ပူပန်ကြောင်း မိသားစု နှင့် လုပ်ဖော်ကိုင်ဖက်များက ပြောသည်။

အသက် ၄၀ အရွယ် ရှိပြီ ဖြစ်သော ကိုညီညီအောင် ဖမ်းဆီးခံရခြင်းကို ရေဒီယိုသတင်းတပုဒ် အရ သိရှိရသည်ဟု အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ဧရာဝတီကို ပြောပြသည်။

“သူရောက်လာတာလည်း မသိရ၊ သူ့ကိုလည်း မတွေ့ရ၊ RFA (အသံလွှင့်ဌာန) သတင်းက ကြားလိုက်ရတော့ တော်တော် ခံစားလိုက်ရပါတယ်၊ အတော်ကိုလည်း စိုးရိမ် ပူပန်ရပါတယ်” ဟု ဒေါ်ခင်ခင်ဆွေက ဆိုသည်။

“သူက အမေရိကန်နိုင်ငံသား ဆိုတော့ အမေရိကန် သံရုံးကို မေးမြန်းတယ်၊ သူတို့ အဆက်အသွယ် လုပ်ဖို့ ပြောထားတယ်၊ ဒါပေမယ့်  အခုထိ ဘာမှ အကြောင်း မပြန်သေးဘူး ” ဟု ဒေါ်ခင်ခင်ဆွေက ဆက်လက် ပြောပြသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်တို့က နိုင်ငံရေးသမားများကို ဖမ်းဆီး ထိန်းသိမ်းပါက မိသားစုထံသို့ အများအားဖြင့် အကြောင်းကြားလေ့ မရှိပေ။

ဖမ်းဆီးခံထားရသည့် ကိုညီညီအောင်သည် ၎င်း၏ မိတ်ဆွေများကို အသိမပေးဘဲ မြန်မာနိုင်ငံသို့ သွားခဲ့ခြင်း ဖြစ်သည်ဟု လုပ်ဖော် ကိုင်ဖက် တဦးဖြစ်သူ  မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)၏  အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ဧရာဝတီကို ပြောသည်။

“ကျနော်တို့ အားလုံး မသိဘဲနဲ့ သူပြန်သွားတာ၊ ကျနော်တို့ မှန်းဆချက်ကတော့ သူ့ အမေ၊ မိသားစုဝင်တွေ၊ မောင်နှမတွေ အဖမ်းခံရတယ်၊ ထောင်ထဲမှာ ကျန်းမာရေး ဆိုးနေတယ်၊ ဒါတွေကို စိတ်ပူပြီးတော့ သွားတယ်လို့ ယူဆတယ်။ သူမသွားခင် အထိ ပြောဖြစ်နေတာကတော့ ဒီအကြောင်းတွေပါ” ဟု ထိုင်းနိုင်ငံ အခြေစိုက် ဒေါက်တာ နိုင်အောင်က ရှင်းပြသည်။

ကိုညီညီအောင်၏ မိခင် ဒေါ်စန်းစန်းတင်သည် ထောင်ဒဏ် ၅ နှစ်၊ မောင်နှမ ၀မ်းကွဲ တော်စပ်သူ မသက်သက်အောင်သည် ထောင်ဒဏ် ၆၅ နှစ် ချခံထားရသည်။ ကိုညီညီအောင် အထိန်းသိမ်း မခံရမီကပင် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် သူ၏ မိသားစုဝင် စုစုပေါင်း ၅ ဦး ဖမ်းဆီးခံထားရသည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ်သို့ တောခိုခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့သည်။ ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူပြီး အမေရိကန် နိုင်ငံသား ဖြစ်ခဲ့သည်ဟု ဒေါက်တာ နိုင်အောင်က ရှင်းပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်