ရန်ကုန်တိုင်း ၁၄ မြို့နယ်တွင် တရားမဝင် ဆိုင်ကယ် များကို အခွန်ကောက်ပြီး လိုင်စင် ထုတ်ပေး

E-mail Print

ရန်ကုန်တိုင်း မြို့နယ် ၁၄ မြို့နယ်မှ တရားမဝင် မော်တော်ဆိုင်ကယ်များကို အခွန်ကောက်ခံပြီး သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ တရားဝင်လိုင်စင်များ ထုတ်ပေးနေပြီဖြစ်ကြောင်း

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အမည်မဖော်လိုသော အကြီးတန်းအရာရှိ တဦးက ပြောသည်။

စစ်အစိုးရ အနေဖြင့် ဘတ်ဂျက် လိုငွေပြမှုများကြောင့် ရန်ကုန်တိုင်းအတွင်းသာမက မြန်မာ တနိုင်ငံလုံးရှိ တိုင်းဒေသကြီး များတွင်ပါ ဆိုင်ကယ်များ အခွန်ကောက်ခံပြီး တရားဝင်လိုင်စင် ထုတ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း အတွင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ် ပြင်ပ မြို့နယ် ၁၂ ခုနှင့် လှိုင်မြစ် တဘက်ကမ်းရှိ မြို့နယ် ၂ ခု အပါအ၀င်စုစုပေါင်း ၁၄ မြို့နယ်ရှိ မှတ်ပုံတင်မဲ့ဆိုင်ကယ်များအားလုံးကို သြဂုတ်လ ၁ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၃ လ အတွင်း အခွန်ကောက်ခံပြီး တရားဝင် မှတ်ပုံတင်လိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

ဆိုင်ကယ် လိုင်စင်ထုတ်ပေးမည့် ရန်ကုန်တိုင်း မြို့နယ်များမှာ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ လှည်းကူး၊ ဥက္ကံ၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ တွံတေး စုစုပေါင်း ၁၄ မြို့နယ်ဖြစ်ပြီး ရန်ကုန်မြို့အတွင်း အချက်အချာကျ မြို့နယ်များ ပါဝင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

မော်တော်ဆိုင်ကယ်များကို အခွန်ကောက်ခံရာတွင် တရုတ်၊အန္ဒိယ၊ ထိုင်း၊ ဂျပန် စသည့် ထုတ်လုပ်ရာ နိုင်ငံအလိုက် အခွန် ကောက်ခံမည်ဖြစ်ပြီး တရုတ် နိုင်ငံထုတ် မော်ဒယ်လ် ၂၀၀၀ ခုနစ်အထိ ၁၁၀ စီစီအောက် ဆိုင်ကယ်တစီးလျင် ငွေကျပ် ၇၅၀၀၀၊ ၂၀၀၁ ခုနစ်အထိ ၁၂၅ စီစီအောက် ဆိုင်ကယ်တစီးလျင် ၁၁၂၀၀၀ ကျပ်၊ ၂၀၀၅ ခုနစ်အထိ ၁၁၀ စီစီအောက် ၁၀၅၀၀၀ ကျပ်၊ ၂၀၀၅ ခုနစ်အထိ ၁၂၅ စီစီအောက် ဆိုင်ကယ်တစီးလျင် ၁၄၄၀၀၀ ကျပ်၊ ၂၀၀၅ ခုနစ်အထက် ၁၁၁ စီစီအောက်ဆိုင်ကယ်တစီးလျင်ငွေ ၁၃၅၀၀၀၊ ၂၀၀၅ ခုနစ် အထက် ၁၂၅ စီစီ အထက် ဆိုင်ကယ်တစီးလျင် ၁၇၆၀၀၀ ကျပ်အခွန်ဆောင်ရမည် ဖြစ်ပြီး အိန္ဒိယနိုင်ငံလုပ် ဆိုင်ကယ် များ အနေဖြင့်လည်း မော်ဒယ်လ်နှင့် ထုတ်လုပ်သည့် ခုနှစ် လိုက်ပြီးဆိုင်ကယ်တစီးလျင် အနည်းဆုံး ငွေကျပ် ၁၂၀၀၀၀ မှ အများဆုံး ၂၂၄၀၀၀ ကျပ်ထိ အခွန်ငွေပေးရမည်ဖြစ်ကာ ထိုင်း နိုင်ငံထုတ် ဆိုင်ကယ်တစီးလျင် အနည်းဆုံး ငွေကျပ် ၁၅၀၀၀၀ ကျပ် မှ အများဆုံး ၂၅၆၀၀၀ ကျပ်နှင့် ဂျပန် နိုင်ငံထုတ် ဆိုင်ကယ်တစီးလျင် အနည်းဆုံးငွေကျပ် ၂၂၅၀၀၀ မှ အများဆုံး ၄၈၀၀၀၀ ကျပ် အခွန်ပေးဆောင် ရမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုအခွန်ငွေအပြင် ဆိုင်ကယ်တစီးလျင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ငွေ ၇၉၀၀ ကျပ် ထပ်မံပေးဆောင် ရမည်ဖြစ်ပြီး စာရွက်စာတမ်းခ အဖြစ် ငွေကျပ် ၁၀၀၀၀ နီးပါး ထပ်မံပေးဆောင်ရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စာရေး ဝန်ထမ်းတဦးက ပြောပြသည်။

စစ်အစိုးရ အနေဖြင့် မန္တလေးတိုင်း၊မကွေးတိုင်းအပါအ၀င် မြန်မာတနိုင်ငံလုံးရှိ တိုင်းဒေသ ကြီးများတွင် ဆိုင်ကယ်များ အခွန်ငွေကောက်ခံခြင်းကို ဇွန်လကုန်ပိုင်းမှ စတင်၍ ဆောင်ရွက် လာခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်