နေရှင်နယ်လိဂ် ပြီးတော့ ပထမတန်း ကလပ်အသင်းများ ထူထောင်မည်

E-mail Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ဖြင့် လက်ရှိ MNL ဘောလုံး ကလပ်အသင်း ၈ သင်းအပြင် ၂၀၀၉ ခုနှစ် မကုန်မီ အသင်း အသစ်များ ထပ်မံတည်ထောင်ရန် စီးပွားရေး လုပ်ငန်းရှင် များက ပြင်ဆင်နေကြ ကြောင်း သိရသည်။

ယင်းသို့ ဘောလုံးအသင်းများ မဖြစ်မနေတည်ထောင်ရန် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို ဖိအားပေး ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောဆိုသည်။

“၂၀၀၉ မကုန်ခင်မှာ အပြီးတည်ထောင်ရမယ်၊ ပထမတန်းစား ကလပ်ပေါ့၊ ဘောလုံးသမားတွေရှာပြီး လူစုနေ ပြီ၊ နည်းပြငှားဖို့ကိုလည်း စဉ်းစားနေပြီ၊ အဲဒါတွေအားလုံးပြင်ဆင်ပြီးရင်တော့ အသင်းနာမည်ကို တရားဝင်
ထုတ်ပြန်ကြေညာသွားမှာပါ”ဟု ၎င်းက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ဘောလုံးအသင်းများတည်ထောင်ရာတွင် အခက်အခဲရှိသော်လည်း အစိုး ရ ထံမှ ပြန်လည်ရရှိမည့် အခွင့်အလမ်းများကို ကြည့်ကာ မဖြစ်မနေလုပ်ဆောင်ပေးနေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

အသစ် ထပ်မံတည်ထောင်ရမည့်ဘောလုံးအသင်းများမှာ လက်ရှိ ပြိုင်ပွဲကျင်းပနေသော မြန်မာနေရှင်နယ် လိဂ် (MNL)အသင်းများထက် တဆင့်နိမ့်သည့် ဆုကြေးစားစနစ်သုံး ပထမတန်း ကလပ်အသင်းများအဖြစ် တည်ထောင်ရမည်ဖြစ်ပြီး ယခုအချိန်ထိလုပ်ငန်းရှင် ၅ ဦး၏ သဘောတူညီချက်ကို ရထားပြီးဖြစ်ကြောင်း၊ ၎င်းတို့ တွင်တိုင်းရင်းသား လုပ်ငန်းရှင်တချို့လည်းပါဝင်ကြောင်း မြန်မာနိုင်ငံဘောလုံးအသင်းချုပ်မှ တာဝန်ရှိ သူ တဦးက ပြောဆိုသည်။

ထိုလုပ်ငန်းရှင်များ၏ နာမည်စာရင်းကိုထုတ်ပြန်ကြေညာပြောကြားခြင်းမရှိသေးသော်လည်း အသင်းနာမည် များကိုမူမကြာခင်မှာပင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း၊ အဆိုပါ ပထမတန်းအဆင့်ရှိ ဆုကြေးစား စနစ် သုံးကလပ်အသင်း ပြိုင်ပွဲကျင်းပရန်အတွက်လည်း စီစဉ်နေပြီဖြစ်ကြောင်း၊ ယခုနှစ်မကုန်ခင်မှာပင် စတင် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ပထမတန်းကလပ် တည်ထောင်သူတွေကတော့ နေရှင်နယ်လိဂ်အသင်းလို ကျပ် သိန်း ၂၀၀၀ မကုန်ကြပါ ဘူး၊ အသင်းအတွက် ကျပ်သိန်း ၅၀၀ ကို ပဲ သက်ဆိုင်ရာဘဏ်တွေမှာကြိုတင်ငွေအနေနဲ့ပေးသွင်းရမယ်” ဟု အထက်ပါ ဘောလုံးအသင်းချုပ် တာဝန်ရှိသူက ပြောသည်။

MNL ကလပ်အသင်းများတည်ထောင်စဉ်က အသင်း ၈ သင်း၏ ပိုင်ရှင်များမှာ အသင်း အတွက် ကြိုတင်ငွေ ကို တသင်းလျှင် ကျပ် သိန်း ၂၀၀၀ စီ ပေးသွင်းခဲ့ရကြောင်းလည်း ဆိုသည်။

ထို ဘောလုံး အသင်း ပြိုင်င်ပွဲများဖြစ်ပေါ်လာရန် စစ်အစိုးရ အကြီးအကဲဗိုလ်ချုပ်မှူးကြီးသန်းရွှေက လမ်းညွှန် ခြင်း ဖြစ်သည့်အတွက်စီးပွားရေးလုပ်ငန်းရှင်များက ၀ိုင်းဝန်းအကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ ပံ့ပိုး ကူညီသူ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၂၀ ၀န်းကျင်ခန့်ရှိကြောင်း သိရှိရသည်။

ယင်း MNL ကလပ်အသင်းများကို မြန်မာ့ဘောလုံး အဆင့်အတန်း မြင့်မားရေးအတွက် ယခင်အပျော်တမ်း အဆင့်သာရှိရာမှ ကျွမ်းကျင် အဆင့်မြင့်တန်းသို့ ပြောင်းလဲခြင်းဖြစ်ပြီး ပြည်တွင်း ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် ၈ ဦးက၂၀၀၉ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းတည်ထောင်ကာ ပြီးခဲ့သည့် မေလ အတွင်းက စတင်၍ ပထမ အကြိမ် ပြိုင်ပွဲများကို ကျင်းပခဲ့သည်။

ဒုတိယအကြိမ် MNL ကလပ်အသင်း ပြိုင်ပွဲကို ယခုလဆန်း ၅ ရက်နေ့က စတင်၍ ကျင်းပနေဆဲဖြစ်သည်။  

MNL အသင်းများဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်းကို ဦးတေဇ(ထူးကုမ္ပဏီ)၏သား ဦးပြည့်ဖြိုးတေဇ၊ Delta FC ကို ဦးဇော်ဇော်၊ Southern Myanmar FC ကို ဦးဌေးမြင့်၊ ကမ္ဘောဇ FCကို ဦးအောင်ကိုဝင်း၊ ရတနာပုံ FC အသင်းကို ဒေါက်တာ စိုင်းဆမ်ထွန်း(လွယ်ဟိန်း ကုမ္ပဏီ)၊ ဇေယျာရွှေမြေအသင်းကို ဦးဝင်းမြင့် (ရွှေနဂါးမင်း ကုမ္ပဏီ)၊ မကွေး FC အသင်းကို ဦးထွန်းမြင့်နိုင် နှင့် ဥဿ FC အသင်းကို ဦးအောင်မိုးကျော် (IBTC)တို့က တည်ထောင်ကြခြင်းဖြစ်သည်။

စစ်အစိုးရက ယခုကဲ့သို့ ပုဂ္ဂလိက ဘောလုံးအသင်းကြီးများ တည်ထောင်ရန် စီစဉ်ခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ဆက်နွယ်နေသည်ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး အကဲခတ်များက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်