လေဆိပ်တွင် အဖမ်းခံရသည့် ကိုညီညီအောင် အကြမ်းဖက်သမားဟု စွပ်စွဲခံရ

E-mail Print
စစ်အစိုးရက ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသော နိုင်ငံရေး လှုပ်ရှားသူ ကိုညီညီအောင်ကို အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီးရေး သမားအဖြစ် စွပ်စွဲအရေးယူထား ကြောင်း သိရသည်။

ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင်“ပြည်ပ နိုင်ငံသား ခံယူပြီး မိမိနိုင်ငံနှင့် လူမျိုးအပေါ် သစ္စာမဲ့စွာ ပြည်တွင်း၌ ဆူပူအုံကြွမှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ဖြစ်ပွား စေရန် စီစဉ်ချိတ်ဆက် ဆောင် ရွက်ခဲ့သူ ညီညီအောင်(ခ) ကျော်ဇောလွင်အား ဖမ်းဆီးရမိ”ဟူသော ခေါင်းစဉ် ဖြင့် ဖော်ပြထားသည်။

ယင်းကိုညီညီအောင်သည် အစိုးရ စွပ်စွဲသကဲ့သို့ အကြမ်းဖက်လုပ်ရပ်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်သွားခြင်း မဟုတ်ကြောင်း ထိုင်းနိုင်ငံရှိ အစ်ကို ဖြစ်သူ ကိုကိုအောင်က ပြောဆိုသည်။

“သူသွားတဲ့ လမ်းကြောင်းက အကြမ်းဖက်မှုနဲ့ လုံးဝ ပတ်သက်မှုမရှိပါဘူး၊ သူက အမျိုးသားသင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း အတိုင်းသွားတာပဲ၊ သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက သိပါ တယ်၊ ဒါကတော့ အစိုးရရဲ့ လုပ်ကြံဇာတ်ပဲ ဖြစ်ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။  

ကိုညီညီအောင်၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေကလည်း“သတင်းစာ နဲ့ တီဗီ တွေမှာတွေ့တော့ ကျမတို့ အနေ နဲ့ တော်တော်ကို စိုးရိမ်ပူပန်မိပါတယ်၊ ကျမတို့မှာ ထမင်းလည်း မစားနိုင်၊ မအိပ်နိုင်ဖြစ်သွားတယ်၊ သူက ဒီနေ့ ဒီအချိန်အထိ ကိုယ်ကျိုး အတွက် တခုမှ မလုပ်ခဲ့ပါဘူး”ဟု ပြောသည်။

သတင်းစာတွင် ကိုညီညီအောင်သည် ပြည်ပအခြေစိုက် ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)  အဖွဲ့ တို့နှင့် ချိတ်ဆက်ပြီး ဖောက်ခွဲရေးလုပ်ငန်းစဉ်ကို စီမံဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုအဖွဲ့များနှင့်ချိတ်ဆက်ပြီး ပြည်တွင်း အကြမ်းဖက် ဖောက်ခွဲမှုများ ဆောင်ရွက်ရန် စက်တင်ဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်ရောက်စဉ် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟုလည်း ပါရှိသည်။

ယင်း ABSDF နှင့် AASYC အဖွဲ့တို့၏ ပူးပေါင်း ယူဂျီအဖွဲ့ဝင်များအား ယခု စက်တင်ဘာလ ပထမအပတ်တွင် ဖမ်းဆီးခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

အာဏာပိုင်တို့က ကိုညီညီအောင်အား ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မင်္ဂလာဒုံ လေဆိပ်အဝင်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၇ ရက်နေ့က အင်းစိန်ထောင်သို့ပို့လိုက်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးက မိသားစုထံ ထုတ်ဖော် ပြောကြားသည်ဟု ဆိုသည်။

ကိုညီညီအောင်သည် ထိုင်းနိုင်ငံ မြန်မာသံရုံးမှတဆင့် ဗီဇာရယူပြီး ဘန်ကောက်မှ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်း လေယာဉ် TG/305 ဖြင့် ထွက်ခွာသွားစဉ် ရန်ကုန်အဝင်၌ စစ်အစိုးရက ထိန်းသိမ်းခြင်းခံခဲ့ရပြီး ၁၉ ရက်နေ့တွင် အမေရိကန် သံရုံးအရာရှိနှင့် တွေ့ခွင့်ပေးကြောင်း သိရသည်။

ကိုညီညီအောင် အထိန်းသိမ်း မခံရမီကပင် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် မိသားစုဝင် ၅ ဦး အဖမ်းဆီးခံခဲ့ရသည်။

၎င်း၏ မိခင် ဒေါ်စန်းစန်းတင်သည် ထောင်ဒဏ် ၅ နှစ်ချခံထားရပြီး မောင်နှမ ၀မ်းကွဲ တော်စပ်သူ မသက် သက်အောင် မှာ ထောင်ဒဏ် ၆၅ နှစ် ချခံထားရသည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက် ပိုင်းတွင် ထိုင်းနယ်စပ်အခြေစိုက် ABSDF တွင် ခေတ္တ ပါဝင်ခဲ့သည်။ ထို့နောက် အမေရိကန် ပြည်ထောင်စု တွင် သွားရောက် ခိုလှုံခွင့်ယူပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူခဲ့သည်။

စစ်အစိုးရက ကိုညီညီအောင်အား ဖမ်းဆီးပြီးနောက်ဆက်တွဲအဖြစ် ၎င်း၏ ပြည်တွင်း အဆက်အသွယ်များ နှင့် ကွင်းဆက် တရားခံများကို ဖမ်းဆီးရမိရန် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟုဆိုသည်။

တချိန်တည်းတွင် ရန်ကုန် အထူး ရဲ တပ်ဖွဲ့က စက်တင်ဘာလ အစောပိုင်းမှစပြီး ရန်ကုန်၊ ရခိုင်ပြည်နယ် တို့မှ ရခိုင်ကျောင်းသားနှင့် လူငယ် ၁၆ ဦးခန့်ကို ဖမ်းဆီးပြီး ရန်ကုန်စစ်ကြောရေး စခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၄ ရက်နေ့ ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ) (HREIB) တွင် ၂ နှစ်ကျော် လုပ်ကိုင်ခဲ့သော ကိုထွဋ်ဆိုသူသည် မြဝတီမြို့မှတဆင့် မြန်မာပြည်တွင်းသို့ ပြန်ဝင်၍ စစ် အစိုးရနှင့် ပူးပေါင်းခဲ့ကြောင်း HREIB မှ တာဝန်ရှိသူ တဦးကပြောသည်။

အဆိုပါ ကိုထွတ်သည် HREIB၏ လူ့အခွင့်ရေးဆိုင်ရာ ပညာပေး၊ သင်တန်းရုံးတွင်နေထိုင် လုပ်ကိုင်ခဲ့သူဖြစ် ကြောင်း၊ စစ်အစိုးရနှင့် မပူပေါင်းခင်အချိန်က HREIBမှ ငွေရေးကြေးရေး အလွဲသုံးစားလုပ်ခဲ့ကြောင်း အဆိုပါ HREIB တာဝန်ရှိသူက ရှင်းပြသည်။

၎င်းကိုထွဋ်မှတဆင့် သတင်း အချက်အလက် တချို့ကို အခြေခံပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးမှုရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ သို့သော်လည်း ယင်းအဖမ်းအဆီးနှင့် ပတ်သက် ပြီး အတိအကျ မသိရှိရကြောင်းကို အထက်ပါ HREIB တာဝန်ရှိသူကပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်