အမေရိကန် ပေါ်လစီသစ် ဒေါ်အောင်ဆန်းစုကြည်ကြိုဆို

E-mail Print
အမေရိကန်အစိုးရ အနေဖြင့် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံမည် ဆိုခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး ဒီမိုကရေစီ အင်အားစုများနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန် လိုသည် ဟု ပြောကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေ ၄ ဦးနှင့် ယမန်နေ့က တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း  ဖြစ်သည်။

“မစ္စ ကလင်တန်က တားမြစ်ပိတ်ဆို့မှုလည်းလုပ်မယ်၊ တိုက်ရိုက်လည်း ဆက်ဆံမယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် တွေ့ဆုံဆွေးနွေးတယ်ဆိုတာ ကောင်းတာပဲတဲ၊ သူလည်း အမြဲတမ်း ပြောတာပဲတဲ၊ ဒါပေမယ့် တွေ့ဆုံတဲ့နေရာမှာ ဒီမိုကရေစီ အင်အားစုများနဲ့လည်း ဆွေးနွေးဖို့ လိုတယ်လို့ မှတ်ချက်ပေးပါတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

နေအိမ်အကျယ်ချုပ် စည်းကမ်းချက်နှင့် ပတ်သက်၍ မရှင်းလင်းသည်များကို သက်ဆိုင်ရာကို စာရေး မေးမြန်းရန်နှင့် အောက်တိုဘာ ၂ ရက်နေ့တွင် ချမှတ်မည့် အယူခံနှင့် ပတ်သက်၍ ချမှတ်သော အမိန့်အပေါ် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ရန် အတွက် ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ သဘောထားသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၏ သဘောထား ဖြစ်ကြောင်း NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“ဒီနေ့ ဗဟိုအလုပ်ဆောင်အဖွဲ့ဝင်တွေနဲ့ ပြန်ကြားရေးအဖွဲ့တွေ တွေ့ဆုံတဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အတိုင်းပဲလို့ ကျနော်တို့က သဘောထားလိုက်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပြောင်းလဲလိုက်သည့် မူဝါဒနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးကို ယမန်နေ့က လာရောက် ရှင်းပြခဲ့ ကြောင်း သိရသည်။

“မနေ့က အမေရိကန် ကောင်စစ်ဝန်၊ နိုင်ငံရေးဌာနခွဲ သံမှူး လာပြီးတော့ ကျနော်တို့ ဗဟိုကော်မတီ (CEC)အဖွဲ့ဝင် တချို့နဲ့ ကျနော်တို့ အပါအ၀င် ပြန်ကြားရေးအဖွဲဝင်တချို့နဲ့တွေပါတယ်၊ နယူးယောက် မြန်မာ့မိတ်ဆွေနိုင်ငံများ အစည်းအဝေးမှာ ပြောကြားမယ့် မိန့်ခွန်းကို ကျနော်တို့ကို လာပြီးတော့ ရှင်းပြပါတယ်၊ ကျနော်တို့ကလည်း မရှင်းလင်းတာတွေ ပြန်မေးတယ်၊ ဆွေးနွေးကြတယ်၊ ပြီးတော့ ကျနော်တို့ သဘောထားကို ပြောပါလို့ ပြောတယ်၊
ကျနော်တို့က ဗဟို အလုပ်အမှုဆောင်အဖွဲဝင်တွေ မစုံသေးဘူး၊ အားလုံးစုံမှ ညှိနှိုင်းပြီးမှ ပြန်ပြောလို့ရမယ် ပြောလိုက်တယ်”ဟု ဦးအုန်းကြိုင်က ပြောပြသည်။

ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးတင်ဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် NLDက စစ်အစိုးရကို ယခင် ရက်ပိုင်းက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်