“ကဗျာလွတ်” အက စီစဉ်ရိုက်ကူး

E-mail Print
မြန်မာအကပညာရှင် ဒေါ်သြဘာသောင်း တီထွင်ဖန်တီးခဲ့သည့် မြန်မာအကအခြေခံ “ကဗျာလွတ်”ကို ပထမဆုံး မှတ်တမ်းတင်ဗီစီဒီ ဖြစ်သည့် “ဗုံလေးလုံးသံစဉ် ဂန္ထ၀င်အကပဒေသာ” အစီအစဉ် အား မန္တလေး Oriental House တွင် ရိုက်ကူးလျက်ရှိသည်။

အဆိုပါ အကပဒေသာအစီအစဉ်တွင် အကပညာရှင် ဒေါ်သြဘာသောင်း တီထွင်ခဲ့သော ကဗျာလွတ် အဆင့်ငါးဆင့် ကို အခြေခံပြီး ရတနာပုံခေတ် မဟာဂီတသီချင်းကြီးများမှ တီးလုံးတီးကွက်များဖြင့် သရုပ်ဖော်ခြင်း၊ဂန္ထ၀င်အငြိမ့်ခန်း၊ မြန်မာ့ရှေးရိုး တပင်တိုင်အကများ၊ခေတ်ဆန်းတပင်တိုင် အကများ စသည်တို့ပါဝင်သည်။

“တချိန်ချိန်မှာ ဒီအကတွေကိုပြန်ပြီးမှတ်တမ်းအနေနဲ့ ကြည့်ချင်လို့ပဲဖြစ်ဖြစ်၊ မျိုးဆက်သစ်တွေက သင်ချင်လို့ပဲဖြစ်ဖြစ် အမှတ်တရဖြစ်အောင် လုပ်တာပါ” ဟု စီစဉ်သူ စာရေးဆရာဆူးငှက်က ဧရာဝတီသို့ပြောသည်။

ယခုလက်ရှိ ပန်တျာကျောင်းများ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်တို့တွင် သင်ကြားနေရသော ကဗျာ လွတ်များမှာ ဒေါ်သြဘာသောင်း၏ အခြေခံ ကဗျာလွတ်ကကွက်များမဟုတ်ဘဲ နောက်ပိုင်း အကပညာရှင်များ ပြန် လည်ဖန်တီးထားသော အကများဖြစ်သောကြောင့် ပျောက်ကွယ်လုဖြစ်နေသည့် အနုပညာအမွေအနှစ်ကို ထိန်းသိမ်း ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဗုံလေးလုံးသံစဉ် ဂန္တ၀င်အကပဒေသာ”တွင် ပါဝင်သောအကများကို ဒေါ်သြဘာသောင်း၏ တပည့်ရင်းဖြစ်သော အကပညာရှင် ဒေါ်ခင်ဝင်းနွယ် ကိုယ်တိုင်ကပြ၍ ရွာစားစိန်တင့်လွင် နှင့် ဂီတသက်တမ်း ၈၄ နှစ်ရှိပြီဖြစ်သော မန္တလေးမြို့မတူရိယာအဖွဲ့တို့မှ ပံ့ပိုး တီးခတ်ပေးထားခြင်းဖြစ်သည်။

အကပညာရှင်ဒေါ်သြဘာသောင်းသည် ရတနာပုံခေတ်နန်းတွင်း အကပညာရှင်များဖြစ်သော မထွေးလေးနှင့် အီနောင် မောင်စံတုတ် တို့ထံမှ အကပညာရပ်များကိုသင်ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၅၀ ကျော်ဝန်းကျင်ကာလတွင် နိုင်ငံခြားတိုင်းပြည်များမှ လာရောက်ကြသော အကပညာရှင်များက ၎င်းတို့၏ အကပညာရပ်များကို ထုတ်ဖော်ပြသနိုင်ခဲ့သော်လည်း မြန်မာ့အကဟူ၍တသီးတခြားထုတ်ပြရန်မရှိခဲ့ပေ။

အကပညာရှင် ဒေါ်သြဘာသောင်းမှ ၁၉၅၃ ခုနှစ်ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် မန္တလေးပန်တျာ ကျောင်းတွင် အမျိုးသမီးအက သင်ရိုးညွှန်းတမ်းအဖြစ် မြန်မာ့အက အခြေခံ “ကဗျာလွတ်” ကိုတီထွင်ပြဋ္ဌာန်းခဲ့သည်။

ယခုဆိုလျှင် ဒေါ်သြဘာသောင်း၏ အခြေခံကဗျာလွတ် ပေါ်ပေါက်လာခဲ့သည့်သက်တမ်းမှာ  ၅၄ နှစ်ရှိပြီဖြစ်သည်။

အကပညာရှင် ဒေါ်သြဘာသောင်းကို ၁၈၉၈ ခုနှစ်တွင်ရန်ကုန်မြို့ ပုဇွန်တောင် အိမ်ကြီးတန်းရပ်တွင် မွေးဖွား ခဲ့သည်။ ငယ်အမည်မှာ မသောင်းတင်ဖြစ်သည်။ ၁၃ နှစ်သမီး အရွယ်တွင် မန္တလေးသို့ရောက်ရှိပြီး နန်းတွင်း အက ပညာရှင် များထံမှ မြန်မာအကကို လေ့လာသင်ယူခဲ့သည်။ အသက် ၅၉ နှစ်တွင် နိုင်ငံတော်မှ ချီးမြှင့်သော “၀ဏ္ဏကျော်ထင်” ဘွဲ့ကိုရရှိခဲ့ပြီး ၁၉၇၁ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် မန္တလေး၌ ကွယ်လွန်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်