ရတနာပုံက ရန်ကုန်ကို နိုင်ပြန်ပြီ

E-mail Print
မန္တလေးမြို့ရှိ ဗထူး အားကစားကွင်း၌ ယခုညနေ ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် (MNL) ပွဲစဉ်တွင် ရတနာပုံ FC က ရန်ကုန်ယူနိုက်တက် အသင်းကို ၁ ဂိုး အသာဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပွဲ၏ ပထမပိုင်းတွင် ရတနာပုံ က ၂ ဂိုး၊ ရန်ကုန်က ၁ ဂိုး သွင်းခဲ့ပြီး ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးမသွင်းခဲ့ကြောင်း သွားရောက်ကြည့်ရှုသူ ပရိသတ်တဦးက ဆိုသည်။

ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ FC တို့ တွေ့ကြသည့် ယနေ့ပွဲအတွက် လက်မှတ်များမှာ အချိန်တိုအတွင်း အရောင်းပြတ်သွားပြီး လူတဦးလျှင် တစောင်သာ ရောင်းချခဲ့ကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်း သမား တဦးကပြောသည်။

အဆိုပါ ပြိုင်ပွဲ၏ ကွင်းဝင်ကြေး လက်မှတ်မှာ ကျပ်ငွေ ၅၀၀ မှ ၁၀၀၀ ကျပ် အထိဖြစ်သော်လည်း ပြင်ပ မှောင်ခိုဈေးနှုန်းအဖြစ် ၅၀၀၀ ကျပ် အထိ မြင့်တက်သွားသည်ဟု သူက ဆက်ပြောသည်။ လက်မှတ်မရ၍ ဘောလုံးပွဲသို့ မသွားရောက်နိုင်သူ များစွာ ရှိကြောင်းလည်း သိရသည်။

ရန်ကုန်ယူနိုက်တက် အသင်းကို အားပေးမည့် ရန်ကုန် ပရိသတ်များလည်း ကားအစီး ၃၀၊ ရထား ၂ စီးဖြင့် မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး အစိမ်းရောင် ဝတ်ထားသည့် ရန်ကုန်ယူနိုက်တက် အသင်းက ယမန်နေ့ နံနက်ပိုင်းတွင် အဲပုဂံ လေယာဉ်ဖြင့် ရောက်ရှိနေခဲ့ကြောင်း သိရသည်။

ရန်ကုန် ယူနိုက်တက် အသင်းပိုင်ရှင် ဦးတေဇက မီဒီယာသမားများ အပါအဝင် သူ့အသင်း၏ ပရိသတ် ၂၈၀၀ ခန့်ကို မန္တလေးမြို့သို့ လိုက်လံအားပေးနိုင်ရန် စားစရိတ် အပါအဝင် အသွားအပြန် စရိတ်ငြိမ်း ပို့ဆောင်မည် ဖြစ်ကြောင်း သတင်းမီဒီယာများကို ပြောခဲ့သည်။

ထိုပရိသတ်များသည် အခမဲ့ လက်မှတ်ဖြင့် ကြည့်ခွင့်ရသည့်အပြင် နံနက်ပိုင်း မဟာမုနိ ရုပ်ရှင်တော်မြတ်နှင့် မန္တလေးတောင်သို့ ဘုရားဖူး ပို့ဆောင်မည်ဟုလည်း ဆိုသည်။

ယခင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် MNL ပြိုင်ပွဲများကို ရုပ်မြင်သံကြားတွင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ သော်လည်း ယခုပြိုင်ပွဲကိုမှု နောက်တရက်မှ ရုပ်မြင်သံကြားတွင် ပြသမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် ရတနာပုံနှင့် ဒယ်လ်တာ ယူနိုက်တက်တို့ ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် မန္တလေး ပရိသတ်များ၏ ပြင်းထန်စွာ အားပေးခဲ့ မှုကြောင့် ဆူပူမှုဖြစ်ပွားခဲ့သည်ဟု မန္တလေးမြို့ခံ စာနယ်ဇင်းသမားက ပြောသည်။

ထိုပွဲစဉ်တွင် ဒိုင်လူကြီး၏ အဆုံးအဖြတ် မှားယွင်းသည်ဟု ဆိုပြီး မန္တလေးပရိသတ်က မကျေမနပ် ဖြစ်ခဲ့သည်။

ထို့ကြောင့် MNL ဖြစ်မြောက်ရေး တာဝန်ရှိသူများက ဒယ်လ်တာ ယူနိုက်တက်ကို ဒဏ်ငွေ ကျပ် ၃ သိန်း တပ်ပြီး ကွင်းလယ်ဒိုင်လူကြီးအား ပွဲစဉ် လေးပွဲ ရပ်နားစေ၍ ကွင်းလယ်ဒိုင်ကြေး ကျပ် ၅ သောင်းကိုလည်း မပေးဘဲ ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

ထိုဆူပူမှုဖြစ်ပွားခဲ့ခြင်းကြောင့် ယနေ့ပွဲစဉ်တွင် လုံခြုံရေး အထူးတင်းကျပ်ထားသည်။ ယနေ့ ပွဲအပြီးတွင် ရန်ကုန် ယူနိုက်တက် အသင်းက မကျေနပ်ခြင်းကြောင့် ဆူမှုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရတနာပုံ အသင်းကို အားပေးမည့် မန္တလေး ပရိသတ်များက အနီရောင် ဝတ်ဆင်ထားပြီး မိန်းကလေး ပရိသတ်များပါ သွားကြည့်ခဲ့ကြသည်။

ပြီးခဲ့သော ပထမအကြိမ် မြန်မာလိဂ် ဗိုလ်လုပွဲတွင် ရတနာပုံအသင်း နှင့် ရန်ကုန်ယူနိုက်တက်တို့ အကြိတ် အနယ် ဗိုလ်လုခဲ့ရာ ရတနာပုံက ဖလားရရှိခဲ့သည်။ ၂ ဂိုးစီ သရေကျနေသောကြောင့် ပင်နယ်လ်တီ ဆုံးဖြတ်ချက်ဖြင့် ရတနာပုံအသင်း က ၆ ဂိုး ၃ ဂိုးနှင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် နိုင်ငံခြား ကလပ်အသင်း များနှင့်  ရာသီအကြို ခြေစမ်းကစားခဲ့သည့် ပွဲစဉ်တလျှောက် အရှုံးပွဲများနှင့်သာ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိပ် အသင်း စုစုပေါင်း ၈ သင်းရှိရာ ယခုပွဲစဉ် ရမှတ်များအရ ဒယ်လ်တာ ယူနိုက်တက်က ပထမ၊ ရတနာပုံ FC က ဒုတိယ နှင့် ကမ္ဘောဇ အသင်းက တတိယ ပြေးနေပြီး ရန်ကုန်ယူနိုက်တက် အသင်းက သတ္တမမြောက် နေရာတွင် ရှိကြောင်း သိရသည်။

မြန်မာလိဂ်ပြိုင်ပွဲတွင် ပါဝင်သည့် အသင်းများမှာ ရတနာပုံ FC၊ ရန်ကုန် ယူနိုက်တက် FC၊ မကွေး FC၊ ကမ္ဘောဇ FC၊ ဇေယျာရွှေမြေ FC၊ ဥဿာ ယူနိုက်တက် FC၊ ဆောက်သမ်း မြန်မာ FC၊ ဒယ်လ်တာ ယူနိုက်တက် တို့ဖြစ်ပြီး အသင်းပိုင်ရှင်များမှာ မြန်မာပြည်၏ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်ကြကာ ၎င်းတို့ထဲမှ အများစုကို အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ အရေးယူထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်