ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ၀န်ကြီးတွေ့

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲချုပ်(NLD)ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြော သည်။

ရန်ကုန်မြို့ရှိ စိမ်းလဲ့ ကန်သာ အစိုးရ ဧည့်ရိပ်သာ၌ ယနေ့ နေ့လယ် ၁နာရီက စတင်၍ ၄၅ မိနစ်ခန့် တွေ့ဆုံခဲ့ကြ ကြောင်း သိရသည်။

“ဘာကိစ္စလည်းတော့ မပြောတတ်ဘူး၊ အသေးစိတ် မသိရသေးဘူး၊ တွေ့တာကတော့ ကောင်းတာပေါ့၊ တွေ့တော့မှ ပြောဖြစ်မယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့ပြီးနောက် ယင်းသို့ တွေ့ဆုံခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့သည် ၂၀၀၇ အောက်တိုဘာ ၂၅ ရက်နေ့က စတင်  တွေ့ဆုံခဲ့ပြီး ၂၀၀၈ခုနှစ် ဇန်န၀ါရီလတွင် နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။ ယခု တကြိမ် တွေဆုံမှုသည် ၆ ကြိမ် မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်ကို စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့အကြား ဆက်သွယ် ရေး အတွက် ဆက်ဆံရေး ၀န်ကြီးအဖြစ် ၂၀၀ရ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ခန့်အပ်ခဲ့ ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်၏အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏အကြံပြုချက်အရ နောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်ရန် ယင်း ဆက်ဆံရေးဝန်ကြီ်းကို ခန့်အပ်ခြင်းဖြစ်သည်ဟု စစ်အစိုးရက ဆိုသည်။

ယမန်နေ့ကပင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး စစ်ဆေးရန်အတွက် ဒေါက်တာ တင်မျိုးဝင်းကိုလည်း အာဏာပိုင်များက အချိန် ၂နာရီခွဲခန့် တွေ့ဆုံခွင့် ပြုပေးခဲ့သည်။

ဦးဉာဏ်ဝင်းက “ဆရာပြန်လာပြီးတော့ သူနဲ့ ကျနော် တွေ့ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းပါတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့်  ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာတစောင်လည်း ပေးပို့ထားသည်။

၎င်းစာထဲ၌ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေး အတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီဖြင့် ပူပေါင်းဆောင်ရွက်လိုကြောင်း ပါရှိသည်။

ထို့အပြင် အရေးယူပိတ်ဆို့မှု အားလုံးကို သိရှိနားလည် စေရေးအတွက် အနောက် နိုင်ငံ သံအမတ် ၃ ဦးနှင့် တွေ့ဆုံခွင့်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ညှိနှိုင်း ခွင့်ပြုရန် တောင်းဆို ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။

မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခဲ့သည်။

ယင်း အမှုတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းခဲ့သည်။ တရားရုံးက လျှောက်လဲချက် ကြားနာရန် စက်တင်ဘာလ ၁၈ ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်။် အောက်တိုဘာလ ၂ရက်နေ့ ရုံးချိန်းတွင်မူ အဆိုပါ အယူခံကို ပယ်ချခဲ့သည်။
 
အယူခံလွှာတွင် ဥပဒေကြောင်း ဆိုင်ရာ အချက် ၁၁ ချက် ပါဝင်ပြီး၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဆိုင်ရာ နှင့် ဥပဒေ အဓိပ္ပာယ် ဖွင့်ဆိုချက်များ ပါဝင်သည်ဟု သိရှိရသည်။ ယင်းအယူခံ ကြားနာရာသို့ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင် တက်ရောက်ခွင့် မပြုပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်