ရွေးကောက်ပွဲသတင်း မပေါက်ကြားရန် အင်တာနက်ဖြတ်တောက်

ရွေးကောက်ပွဲ မတိုင်မီ ၂ ပတ်ခန့် ကတည်းက အင်တာနက် ဆက်သွယ်မှုများ လုံးဝနီးပါး ပြတ်တောက် သွားရခြင်းမှာ မြန်မာပြည် အင်တာနက် ဆက်သွယ်ရေးကို အဓိက ထိန်းချုပ်ထားသည့် ရတာပုံ တယ်လီပို့က ကြေညာထားသကဲ့သို့ DDoS Attack ဖြင့် အတိုက်အခိုက်ခံရခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲကာလ မသမာမှုများ ပြည်ပသို့ အလွယ်တကူ မပေါက်ကြားရန် အာဏာပိုင်များက ထိန်းချုပ်ခြင်းသာ ဖြစ်ကြောင်း ကွန်ပျူတာပညာရှင်များက ပြောဆိုသည်။

ဂျီမေးလ်၊ ဂျီတော့ခ်အပါအဝင် မည်သည့်ဝက်ဘ်ဆိုက်ကိုမှ ဝင်၍မရတော့ဘဲ ပြည်တွင်းနှင့်ပြည်ပ ဆက်သွယ်မှုကို အဓိက ဖြတ်တောက်ခြင်းဖြစ်ကြောင်း၊ အင်တာနက်ဆက်သွယ်ရေးမှာ လုံးဝပြတ်တောက်မသွားဘဲ အစိုးရဌာနများနှင့် ကုမ္ပဏီ တချို့တွင် အသုံးပြုနိုင်ကြောင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ကာလများက ကဲ့သို့ ပြည်ပသတင်းမီဒီယာများထံ ရွေးကောက်ပွဲသတင်းများ ပြန့်ပွားမှုမရှိစေရန် ထိန်းချုပ်လိုက်ခြင်းသာ ဖြစ်ကြောင်း အဆိုပါ ပညာရှင်များထံမှ သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်