မဲမပေးရေး စာဖြန့်သူ ထိန်းသိမ်းခံရ

နိုင်ငံသား တယောက်အနေဖြင့် မဲပေးပိုင်ခွင့်ရှိသကဲ့သို့ မဲမပေးဘဲ နေနိုင်ခွင့်လည်း ရှိသည် ဆိုသည့် စာရွက်များ ဖြန့်ဝေခဲ့သော ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း) NLD စည်းရုံးရေးအဖွဲ့ဝင် ကိုအေးသွင်ကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် အာဏာပိုင်များက နေအိမ်မှ လာရောက် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ အာဏာပိုင်များက ဆွေးနွေးစရာရှိသည်ဟု ဆိုကာ ကိုအေးသွင်၏ ဒီဂျစ်တယ် ကင်မရာနှင့် မဲမပေးရေး လက်ကမ်းစာရွက်များ ကိုပါ သိမ်းဆည်းသွားပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ မသိရသေးပေ။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်