ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ပွဲဝင်ရန် ALP လှုံ့ဆော်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွေးကောက်ပွဲ ဆန့်ကျင်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)နှင့် အတူ တိုက်ပွဲ ၀င်ရန် လှုံ့ဆော်စာများ လူစည်ကားရာ နေရာများတွင် ကပ်ထားကြောင်း သတင်းရသည်။ “၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြ၊ ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတွေအတွက် အကျိုးမရှိဘူး။ ရခိုင်ပြည် လွတ်မြောက်ရေး အတွက် ALP နဲ့ လက်တွဲပြီး လက် နက် ကိုင် တိုက်ပွဲဝင်ကြ ဆိုပြီးတော့ ရေးထားတယ်။ လိုက်ဖြုတ်တော့ အခု နေ့လယ်မှာ မရှိတော့ဘူး”ဟု ဒေသခံက ပြောသည်။ ALP သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်တလျှောက်တွင် အခြေချ၍ လက်နက်ကိုင် လှုပ်ရှားနေသော အဖွဲ့တခုဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်