ဘုရားသုံးဆူသို့ နအဖ စစ်ကူ တပ်များပို့နေ

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူ ၌ DKBA နှင့် ဖြစ်ပွားနေ သော တိုက်ပွဲသို့ နအဖ ဘက်မှ စစ်ကူပေးရန် ခမရ ၄၀၅ စစ် ကြောင်း ၂ နှင့် ခမရ ၄၁၀ စစ်ကြောင်း ၁ စသည့် စစ်ကြောင်း ၂ ကြောင်း ယမန်နေ့က ရောက်ရှိလာကြောင်း၊ ယခင်က ဘုရားသုံး ဆူတွင် နအဖ စစ်သား ၁၂၀ ခန့်ရှိပြီး ယခု စစ်ကူများရောက်လာ သောအခါ အင်အား ၃၀၀ ၀န်းကျင်ရှိနိုင်ကြောင်း သိရသည်။ DKBA တပ်ဖွဲ့ဝင်များမှာ ဘုရားသုံးဆူမြို့နယ် မက်ကသာရွာ တွင် ခြေကုပ်ယူထားကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုမရှိသေး ကြောင်း လည်း ထိုင်း ထောက်လှမ်းရေး တဦးက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်