DKBA တပ်ဖွဲ့တဖွဲ့ KNLA နှင့် ပူးပေါင်း

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၀၉ တပ်ဖွဲ့သည် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ယနေ့ လာရောက် ပူးပေါင်းကြောင်း သတင်းရရှိသည်။ အင်အား ၁၀၀ ခန့်ရှိသည့် DKBA တပ်ရင်း ၉၀၉ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စတီးက ဦးဆောင်၍ လာရောက် ပူးပေါင်းခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့သည် ကရင်ပြည်နယ် ကော့ ကရိတ် ဒေသ တ၀ိုက်တွင် အခြေချသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ နိုဝင်ဘာ ၇ ရက်နေ့က မြ၀တီမြို့တွင် စစ်အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည့် ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့တဖွဲ့ဖြစ်ကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်