မန္တလေးမှာ ပေါက်ကွဲမှုဖြစ်၊ နှစ်ဦး ဒဏ်ရာရ

မန္တလေးမြို့တွင် ယမန်နေ့ ညနေ ၃ နာရီခန့်က မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့်၃၆လမ်းအကြားရှိ ဒေါ်မြ ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သံတိုသံစ လာရောက်ရောင်းချသော သိန်းသန်း ဆိုင်ကယ် ပြင်ဆိုင်မှ အောင်ရဲ ကို ၁၉ နှစ်၏ ခြေထောက် ထိမှန်ခဲ့ပြီး ပြေငြိမ်းဦး ၂၁ နှစ်၏ ခန္ဓာကိုယ်လည်း ထိမှန်ခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။“၀ုန်းခနဲ ပေါက်ကွဲသံကြားရပြီး တဆိုင်လုံး မီးခိုးလုံးတွေနဲ့ ပြည့်သွားတယ်။ ပစ္စည်းအဟောင်းတွေထဲက ထ ကွဲတာ။ ဘာမှန်း မသိရဘူး။ ဆိုင်ရှင်တွေကိုတော့ ရဲ စခန်း ခေါ်သွားတယ်"ဟု၎င်းကဆိုသည်။ သက်ဆိုင်ရာ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် တိတိကျကျ ပြန်လည်ဖြေကြားခြင်းမရှိချေ။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်