မိုင်းလားမြို့သို့ စားသောက်ကုန်တင်ပို့ခွင့် ပိတ်ပင်ထား

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှ မိုင်းလားသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ကို စစ်အစိုးရဘက်က ပိတ်ထားကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံနှင့် နယ်မြေချင်းထိစပ်လျက်ရှိသည့် မိုင်းလားမြို့သည် အပစ်ရပ်အဖွဲ့တဖွဲ့ဖြစ်သော မိုင်းလား တပ်ဖွဲ့ (NDAA) အခြေစိုက်ရာမြို့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။ ကုန်ပစ္စည်း တင်ပို့ခွင့် ပိတ်ထားခြင်းသည် မိုင်းလားအဖွဲ့ကို စစ်ရေးအရ ဖိအားပေးရန် စစ်အစိုးရဘက်က အစပျိုးလိုက်ခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်